Selma စိတ်ဓာတ် မြန်မာ လူငယ်တွေအထိပျံ့နှံ့ဟု အိုဘားမား ပြောကြား

2015-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်သမ္မတ အိုဘားမားပုံ
အမေရိကန်သမ္မတ အိုဘားမားပုံ
Photo: wh.gov

နိုင်ငံသားတစ်ယောက်အနေနဲ့ တန်းတူမဲပေးခွင့်ရဖို့ အယ်လ်ဘားမားပြည်နယ် Selma ဆဲလ်မာမြို့မှာ အာဖရိကန်အမေရိကန် လူမည်းတွေရဲ့ လမ်းလျှောက် ဆန္ဒပြချီတက်တဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတလွှားမှာ နမူနာယူရတဲ့ လူ့အခွင့်ရေးလှုပ်ရှားမှုဖြစ်ပြီး မြန် မာနိုင်ငံက လူငယ်တွေဟာလည်း ဒီစိတ်ဓါတ်နဲ့ စစ်အစိုးရအောက်အညံ့ခံမယ့်အစား ထောင်ပဲ အကျခံခဲ့ကြတာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက မနေ့က ပြောကြားလိုက်ပါတယ်။

ဆဲလ်မာမြို့က နာမည်ကျော် လူမည်းမဲပေးခွင့်တောင်း ဆိုတဲ့ ဆန္ဒပြချီတက်ပွဲကို ပြည်နယ်ရဲတပ်ဖွဲ့က အကြမ်း ဖက်ဖြိုခွဲခဲ့တဲ့အတွက် လူရာပေါင်းများစွာ သွေးမြေကျ ရတဲ့ သွေးစွန်းတဲ့ တနင်္ဂနွေ Bloody Sundy နှစ် ၅ဝ ပြည့် အခမ်းအနားမှာ သမ္မတ အိုဘားမားက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဆဲလ်မာမြို့ ဆန္ဒပြချီတက်ပွဲစိတ်ဓါတ်ကို သံမဏိလိုက်ကာ ခြားထားတဲ့ကြားက လူငယ်တွေရဲ့ မြင်တွေ့ခဲ့ရပြီး ဂျာမနီက ဘာလင်တံတိုင်းကြီး ဖြိုချဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဆန္ဒပြချီတက်ပွဲမှာ ဘော့ဘီကနေ ဒီမိန့်ခွန်းကြောင့် တောင်အာဖရိကနိုင်ငံ ဆွဲဝီတိုမြို့က လူငယ်တွေထိ ရိုက်ခတ်ခဲ့ပြီး လူဖြူလူမဲခွဲခြားမှုကို အဆုံးသတ်နိုင်ခဲ့တယ်။

မြန်မာနိုင်ငံက လူငယ်တွေဟာလည်း ဒီစိတ်ဓာတ်နဲ့ စစ်အစိုးရအောက်အညံ့ခံမယ့်အစား ထောင်ပဲ အကျခံခဲ့ကြ တာဖြစ်တယ်လို့ သမ္မတအိုဘားမား ပြောကြားသွားတာဖြစ်ပါတယ်။

ဆဲလ်မာအနှစ် ၅ဝ ပြည့်အခမ်းအနားကို သမ္မတအိုဘားမား ဇနီးမောင်နှံ၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် ဇနီးမောင်နှံ၊ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်ပြီး အခုအခါ အမေရိကန် အောက်လွှတ်တော်အမတ် တစ်ဦးဖြစ်နေသူ မစ္စတာဂျွန်လူးဝစ်တို့နဲ့အတူ လွှတ်တော်အမတ် ၁၅ဝ တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (6)
Share

Lu Hman

နေရပ်- Myanmar

ဒါဆို ၄ ပွင့်ဆိုင်ဆွေးဆွေးနွေးပွဲ မှာ ဘာမှဆုံးဖြတ်ချက် မပေးနိုင်တဲ့ လူတွေ ထည့်ပြီး ကျောင်းသားတွေကို အချိုသတ် ဂတိ ပေးခိုင်းပြီး ဘယ်သူဂတိပေး မှန်းမသိအောင် လုပ်ခဲ့တာပေါ့။ ကျောင်းသားလူငယ်တွေလောက်တောင် အရည်အချင်း မရှိတဲ့ သူတွေ။ ပါလီမန်ခေတ်က မြို့ အုပ် မြို့ ပိုင် တိုင်းမင်းကြီး စသဖြင့် အုပ်ချုပ်ခဲ့တဲ့ လူတွေလောက် အရည်အချင်း မရှိဘူး။ B/C ပိုးတွေ ဆို ပိုတောင်ဆိုးသေးတယ်။

Mar 11, 2015 11:38 AM

Myo Chit Myanmar

နေရပ်- Myanmar

ကျောင်းသားပြည်သူ ကို ဥပဒေဘောင်အတွင်းနေစေခြင်ရင် အစိုးရ ကိုယ်တိုင် လဲ ဥပဒေနဲ့ ညီညွတ်တဲ့ အစိုးရ ဖြစ်ရမယ်။ အာဏာတည်မြဲရေးအတွက် ခြေ/ဥ ဆွဲတဲ့ အစိုးရ အာဏာရအောင် အတင်းမဲလိမ်တက်တဲ့ အစိုးရ လွှတ်တော်ထဲ စစ်သားတွေ အတင်းထည့်ထားတဲ့ အစိုးရ ကို ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာမှုမရှိဘူး။ လွန်ခဲ့တဲ့ အနှစ် ၅၀/၆၀ လုံး ဆန္ဒပြ မှု အကြိမ်ကြိမ် ဖြစ်ခဲ့တာကိုကြည့်။ လက်နက်နဲ့ အတင်းဖြိုခွင်းခဲ့လို့ သာငြိမ်နေကြတာ။

Mar 09, 2015 05:37 AM

(

I feel sad to read U Thant Zin's comment. May be you were one of those benefited from dictatorship.Let people choose between democracy,human right and dictator,if people choose democracy and human right over dictator and if you don't like it you can either go to live in China or North Korea, it's your choice.

Mar 09, 2015 04:57 AM

Aye Chan

နေရပ်- Myanmar

၇ိုးရိုး လူတွေက ဘယ်သူမှ ထွက်မရိုက်ဘူး အဲဒီ လိုလဲ မလုပ်ရဲဘူး။ ကျောင်းသား ကစတဲ့ ပြဿနာ ကို သိတ်ကြောက်တာ ဒါကြောင့် မွေးထားတဲ့ လူမိုက်တွေ ထုတ်သုံးပြီး အပြတ်ရှင်းတာ။
ဗိုလ်ချုပ်အောင်ဆန်း ဦးနု သူတို့  မတိုင်မီ သူတို့  နောက် နိုင်ငံခေါင်းဆောင် နိုင်ငံရေးသမားတွေဟာ ကျောင်းသား သမဂ္ဂ ကနေဆင်းသက်လာကြတာ။ နိုင်ငံမှာ ပညာရေ အမြင့်မားဆုံး နေရာ ကနေ ထွက်ပေါ် လာတဲ့ ပညာတတ် နိုင်ငံရေးခေါင်းဆောင်တွေ ထွက်ပေါ်လာမှ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်မှာ။ အဲဒါလို ထွက်ပေါ်လာရင် သူတို့ နေရာ ပျောက် မှာ စိုးလို့  အာဏာရှင်တွေ က အပြတ်ရှင်းတာ။

Mar 08, 2015 08:23 PM

Taing Chit

နေရပ်- Myanmar

ပြည်သူတစ်ရပ် လုံးက ကျောင်းသားတွေ ကို ဘယ်လောက်ပဲထောက်ခံပါစေ အသွင်ယူ စစ်အစိုးရ က သူတို့ အာဏာကို အထိခိုက်မခံ ခြင်လို့  ပြည်သူ အချင်းချင်း ဖြစ်တဲ့ အသွင် ဖန်တီး ပြီး အကြမ်းဖက် ဖြိုခွင်း လိုက်တာပါ။ နိုင်ငံတကာ ကရော ပြည်သူတွေကရော ဘယ်လောက် ပဲ ပြောပြော သူတို့ ကတော့ အာဏာတည်မြဲရေး မှလွဲ ရ်ျဘာမှ ဂရုစိုက်မှာ မဟုတ်ဘူး။ တကယ်တန်း ကတော့ လက်ရှိ ဖြစ်နေတဲ့ ဆန္ဒပြမှု အသီးသီးဟာ လွန်ခဲ့တဲ့ အနှစ် ၅၀/၆၀ အတွင်းက စစ်အာဏာရှင် တွေ အုပ်ချုပ်ရေးညံ့ဖျင်းမှု တရားဥပဒေ မဲ့ မှု စတဲ့ အထွေထွေ ညံ့ဖျင်း မှု ကြောင့် ဖြစ်ရတာ။

Mar 08, 2015 08:20 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့