Ooredoo ဖုန်း ဝန်ဆောင်မှု မြို့ ၆၈ မြို့အထိ တိုးချဲ့မည်

2014-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Ooredoo ဆင်းကတ်တစ်ခု
Ooredoo ဆင်းကတ်တစ်ခု
Photo: Zarni Phyo Wai

မြန်မာနိုင်ငံမှာ မကြာခင်ရက်ပိုင်းက ကျပ် ၁၅ဝဝ တန် တယ်လီဖုန်ဆင်းကဒ်တွေ စတင်ရောင်းချခဲ့တဲ့ ooredoo ကုမ္ပဏီဟာ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး အပြင် မကွေးတိုင်း၊  စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်က မြို့ပေါင်း ၆၈ မြို့ အထိ ဝန်ဆောင်မှု တိုးချဲ့သွား မယ်လို့ ဆိုပါတယ်။

Ooredoo ဆင်းကဒ်တွေ ရောင်းချနေတဲ့ လက်ခွဲဆိုင်ပေါင်း တစ်ပြည်လုံးမှာ  ၆၅ဝဝ လောက် ရှိတယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ အင်တာနက် မြန်ဆန်ပြီး အသံကြည် လင်ပြတ်သားမှုရှိရမယ်လို့လည်း ကြေညာထားပါတယ်။

ဒီနှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၆ဝ ထဲက ၂၅ သန်းအထိ ဖုန်း ဝန်ဆောင်မှု ရောက်ရှိမှာဖြစ်ပြီး၊ ၅ နှစ်အတွင်း တစ်နိုင်ငံလုံးရဲ့ ၉၇ ရာခိုင်နှုန်းအထိ ဖုန်း ဝန်ဆောင်မှုရရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေလည်း တိုးချဲ့ဆောင်ရွက်သွားမယ်လို့ Ooredoo မြန်မာ အမှုဆောင်အရာရှိချုပ် က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီ ရဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြုကြရေး ဆော်သြ လှုပ်ရှားမှုတွေကိုလည်း Facebook အင်တာနက် လူမှုကွန်ရက်အပါအဝင် နေရာတချို့မှာ တွေ့မြင်ရပါတယ်။

Ooredoo နဲ့ အတူ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့တဲ့ နော်ဝေနိုင်ငံ အခြေစိုက် telenor ကလည်း လာမယ့် စက်တင်ဘာလမှာ  အင်တာနက် နဲ့ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု စတင်တော့မည်ဖြစ်ပြီး၊  ၅ နှစ်အတွင်း လူဦးရေစုစုပေါင်းရဲ့  ၉ဝ ရာခိုင်နှုန်း ဆီကို တယ်လီဖုန်း ကွန်ရက်ရောက်ရှိမယ်လို့ ကြေညာထားပါတယ်။

အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ဂျပန် ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ ဆက်သွယ်ရေး ကွန်ရက် မြန် ဆန်ကောင်းမွန်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

MPT is giving sorts of Excuses and Collaborating & Fulfilling the interest of a hand full of Corrupt People for over a year now. MAY GOD BLESS "OORDOO with Success & prosperity for fulfilling the long awaited hope of People of Myanmar.

Aug 05, 2014 09:00 PM

အမည်မဖော်လိုသူ

နေရပ်- Yangon.

So far this time Ooredoo does not work... but still expecting to be better... Internet charge is so expensive compare with MPT.

Aug 05, 2014 05:50 AM

ဆိုက်တခုလုံးသို့