လေလံအနိုင်ရ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေး

2014-01-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 နေပြည်တော်မှာ ဇန်နဝါရီလ ၃ဝ ရက်နေ့က ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်တဲ့အခမ်းအနား ကျင်းပခဲ့စဉ်
နေပြည်တော်မှာ ဇန်နဝါရီလ ၃ဝ ရက်နေ့က ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်တဲ့အခမ်းအနား ကျင်းပခဲ့စဉ်
photo: Ooredoo Myanmar Facebook

ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်တဲ့အခမ်းအနားနဲ့ Ooredoo ကုမ္ပဏီကို လိုင်စင်ချပေးတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကွန်ရက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာကုမ္မဏီတွေ နဲ့ အော်ပရေတာတွေကို ဆက်သွယ်ရေးလိုင်စင် ချပေးရာမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းအချက်လက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က ပြောပါတယ်။

“ပွင့်လင်းမြင်သာမှုရှိရမယ်၊ ဒီအပေါ်အခြေခံထားတဲ့ ဥပဒေထွက်ထားပြီးပြီ၊ နောက်အဲဒါကို ထပ်ပြီးအားဖြည့်ထားတဲ့ နည်းပဒေတွေလည်း အတည်တကျပါပြီးသား၊ ဦးစီးဌာနအနေနဲ့ကရော ကိုယ်လုပ်ချင်တာကို လုပ်လို့မရဘူး၊ Operator တွေကိုလည်း မျှမျှတတနဲ့ ဘယ်လိုကြီးကြပ် ကွပ်ကဲရမလဲဆိုတာလည်း ဒီဥပဒေတွေမှာပါပြီးသား၊ အဲဒီအတိုင်းလိုက်နာရမှာဖြစ်တဲ့အတွက် ကျနော်တို့ မျှမျှတတဖြစ်သွားအောင် လုပ်သွားမှာပါ”

အလားတူ နော်ဝေနိုင်ငံက တယ်လီနော Telenor  ကုမ္ပဏီကိုလည်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆက်သွယ်ရေး အော်ပရေတာလိုင်စင်တွေကို Ooredoo ၊ Telenor အပြင် ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ ရတနာပုံတယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ကိုလည်း ချထားပေးတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့