ဖုန်းကနေ 3G အင်တာနက်ရအောင် အူရီဒူးကုမ္ပဏီ ဆောင်ရွက်မည်

2013-12-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရထားတဲ့ ကာတာနိုင်ငံ အူရီဒူးကုမ္ပဏီက 3G နက်ဝပ်ခေါ်တဲ့ လက်ကိုင်တယ်လီဖုန်းကနေ အင်တာနက်ကို ချိတ်နိုင်တဲ့စနစ်ကို လာမယ့် ၂၀၁၄ ခုနှစ်မှာ နိုင်ငံအနှံ့ အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒီအတွက် NSN ခေါ် Nokia Solutions and Networks ကို အဓိကအသုံးပြုဖို့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အူရီဒူးကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ကစားသုံးသူတွေအတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးစနစ်သုံးနိုင်အောင် ပဏာမဆောင်ရွက်ချက်ဖြစ်ပြီး၊ အူရီဒူးရဲ့ 3G နက်ဝပ်စနစ်ကို သုံးစွဲသူတွေအနေနဲ့လည်း ကျေနပ်လိမ့်မယ်လို့ အူရီဒူးကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ross Cormack ကပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့