မြေသိမ်းသူတွေနဲ့ လယ်သမားတွေကြား အခွင့်အရေး ကွာခြား

2014-01-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သပိတ်စခန်းဖွင့်ထားသော မိချောင်းကန်မူလမြေပိုင်ရှင်များကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လာရောက်တွေ့ဆုံနေစဉ်
သပိတ်စခန်းဖွင့်ထားသော မိချောင်းကန်မူလမြေပိုင်ရှင်များကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လာရောက်တွေ့ဆုံနေစဉ်
Photo: RFA

မြေသိမ်းတဲ့ ကုမ္ပဏီတွေက လယ်သမားတွေကို တရားစွဲရတာလွယ်ကူပြီး၊ မြေဆုံးတဲ့ တောင်သူတွေမှာ ကုမ္ပဏီတွေကို တရားစွဲဖို့ ကြိုးစားရာမှာ ပယ်ချခံရ တာတွေရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်၊ တောင်ဥက္က လာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။

လယ်ယာမြေ ပဋိပက္ခတွေမှာ  လယ်သမားတွေဘက်က နစ်နာနေရတာတွေနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းလင်းက လွှတ်တော်ကို မေးမြန်းရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ကုမ္ပဏီတွေက လယ်သမားကို အမှုဖွင့်တဲ့အခါကျတော့ အလွယ်တကူ ဖွင့်လို့ရပြီးမှ လက်ခံနေတာကို တွေ့ရပါတယ်၊ လယ်သမားတွေအနေနဲ့ ဥပဒေမဲ့ လယ်သိမ်းတဲ့ကုမ္ပဏီတွေရဲ့ တရားစွဲဆိုမှုကြောင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ပြီးတော့မှ တရားရုံးတင်တဲ့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ရတဲ့အခါမှာ ကာလကြာရှည်စွာ အမှုရင်ဆိုင်ရတဲ့အတွက် အလုပ်အကိုင်တွေ ပျက်ပြားပြီး၊ ဝင်ငွေကျဆင်းပြီး၊ မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်၊ အပြစ်မရှိတဲ့လယ်သမားများက ကုမ္ပဏီတွေကို နောင်ကာလတွေမှာ ဥပဒေတွေနဲ့အညီ မရင်ဆိုင်ရဲအောင် ရုံးတွေကိုလည်း မလာရဲအောင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ခေါင်းငုံ့ခံနေရအောင်လို့ တဘက်သတ် ဖိနှိပ်နေသလို ဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်"

ဒါ့အပြင် တရားရုံးတွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ လယ်သမားတွေဟာ တရားရုံး အမှုသွားအမှုလာကာလ အချိန်ကြာမြင့်တာကြောင်၊့  ငွေကြေးအခက်အခဲ ကြုံတွေ့နေရကြောင်း၊  အဲဒီအမှုတွေကို မြန်မြန် ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊ မရှိလည်း မေးမြန်းခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ မေးခွန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့ရာမှာ တိုင်ကြားချက်တွေအပေါ် အမှုတစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်နေပြီး၊  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နဲ့ ၄၄၇ နဲ့ သက်ဆိုင်တဲ့အမှုတွေ  ကာလကြာရှည် အမှုဆိုင်မနေရအောင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မှန်မှန်နဲ့မြန်မြန် စစ်ဆေးနေကြောင်း

ကွန်မင့်များ (2)
Share

(

ဥပဒေ က မူကွဲ ရှိနေလားဆိုတာ ဆန်းစစ်သင့်ပါတယ်။
ဦးအောင်သိန်းလင်းလို ပုဂ္ဂိုလ်က သိနေရက်နဲ့ လယ်သမားတွေဘက်က ဘာမှ လုပ်မပေးခဲ့ပဲ။ ခုမှ ဒီလို မေးခွန်းထုတ်ရပါသလဲ။ (ဒါ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ငါ “သိပါတယ်” ဆိုတဲ့ပုံစံနဲ့ တမျိုးကြွားတာပါပဲ။ )

Jan 23, 2014 03:12 PM

မောင်ချစ်အောင်

နေရပ်- ရနောင်း

ကျွန်တော့်ဖုန်းထဲတွင် မြန်မာစာလုံးမပေါ်ပါခင်ဗျား

Jan 23, 2014 10:23 AM

ဆိုက်တခုလုံးသို့