ပလိပ်ချည်စက် အလုပ်သမား ၇ဝဝ မတရားအလုပ်ထုတ်မှု ဆန္ဒပြ

2015-09-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင်ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။

အလုပ်သမားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင် ပန်ဒါကုမ္ပဏီတို့ ချုပ်ဆိုတဲ့ စာချုပ်မှာ ငါးရက်ခွင့်ယူရင် အလုပ်ကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့  စည်းကမ်းမပါဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ စည်းကမ်းလိုမျိုး ဖြစ်လာမှာစိုးတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမား ကိုချမ်းမိုးအောင်က ပြောပါတယ်။

"စက်ရုံမှာရှိတဲ့ အဖွဲ့ဝင် ၇ဝဝ ကျော်လောက်ပေါ့၊ ဖဲကြိုးပြာတပ်ဆင်ပြီး အလုပ်လုပ် တယ်ပေါ့၊ တစ်လအတွင်း ခွင့်မဲ့ ၅ ရက်ပျက်ကွက်တယ်ဆိုပြီး အလုပ်ထုတ်ခြင်း ဆိုပြီးတော့ နောက်ထပ်ထုတ်တဲ့ စည်းကမ်းချက်ထဲမှာ ထပ်ထည့်လိုက်တဲ့အတွက် အလုပ်သမားတွေကမကျေနပ်ဘူးပေါ့၊ အလုပ်သမားတွေကို အဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ထုတ်နေတဲ့အနေအထားတွေလည်းရှိတယ်၊ ဒီလိုသာဆို အလုပ်သမားတွေအလုပ်လက်မဲ့ပိုဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ကျနော်ကဒီအချက်ကို ကန့်ကွက်ရတာပါ"

တစ်လအတွင်း ခွင့်ငါးရက်ယူလို့ဆိုပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးကို အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၁၂ဝဝ လောက်ရှိပြီး မိုးပြာရောင်ဖဲကြိုးလှုပ်ရှားမှုမှာပါဝင်တဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ကနေ လွှဲပြောင်းခံရတဲ့ ဝန်ထမ်းတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။

 

ကွန်မင့်များ (4)
Share

မိုးကျ “စွေကို“

နေရပ်- “ဟတ္ထိ” ထာဏီ

လုပ်သားတယောက်မှာ ရသင့်တဲ့ခွင့်ရက်တွေ ပြဋ္ဌာန်းထားတာ ရှိနေတာပဲ။သတ်မှတ်ခွင့်ရက်ထက်ပိုရင်(ခွင့်တိုင်ရင်)လစာမဲ့ခွင့်ပေါ့။ (ခွင့်မတိုင်ရင်) စည်းမျည်းဥပဒေနဲ့အညီ ဆောင်ရွက်ပေါ့။
ဖြုတ်တန်ဖြုတ် ၊ ထုတ်တန်ထုတ် ။

Sep 22, 2015 08:30 PM

အမည်မဖော်လိုသူ

နောင် မလုပ်ရဲ အောင် တတ်နိုင်တဲ့ နည်းနဲ့  နှပ်ကွပ်မှာပဲ။

Sep 22, 2015 08:21 PM

စာနာပါကွယ်..

နေရပ်- ထောက်ထားပါကွယ်

စက်ရုံမှာ လုပ်နေပေမယ့် “စက်ရုပ်”မှ မဟုတ်ကြတာ။
(ဖျားမယ် နာမယ်)၊ (မဲစာရင်း သွားကြည့်ရမယ်) ၊(မဘသ ထောက်ခံပွဲ တက်ရမယ်) ၊ (ကမ်းတဲ့ယပ်တောင် သွားယူရမယ်) ၊ ( ကြံ့ဖွံ့ပေးတာယူပြီး NLD ပြောတာ နားထောင်ရမယ်)၊ (ရေကြီးလို့ လွတ်သွားတဲ့ နွားပြာကြီး လိုက်ရှာရမယ်)၊ (ယောင်းမ မီးနေတာ သွားကြည့်ရမယ်)..
စုံတကာ စေ့လို့။

Sep 22, 2015 06:42 PM

အမည်မဖော်လိုသူ

သမ္မတကဘာလုပ်နေလဲ?အရုပ်ကြီးလား?

Sep 22, 2015 08:59 AM

ဒို့လည်း “တပ်“မယ်

နေရပ်- ချန်မထား နဲ့

မအားဘူး လေ။
သူနဲ့ လိုက်မယ့် ဖဲပြား အရောင် ရွေးနေရလို့ပါ။

Sep 22, 2015 06:36 PM

ဆိုက်တခုလုံးသို့