မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

2014-04-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
“ပန်းစကား” အဖွဲ့ရဲ့ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆိုတဲ့ ကြေငြာကို တွေ့ရစဉ်
“ပန်းစကား” အဖွဲ့ရဲ့ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆိုတဲ့ ကြေငြာကို တွေ့ရစဉ်
photo: Panzagar

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေး အသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။

မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော်က အခုလို ပြော ပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "

ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင်  “ပန်းစကား” အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အောင်ကျော်ချမ်းအေး

နေရပ်- Mandalay

မန္တလေးရဲ့ “တူး ပို့” သြင်္ကန်ယဉ်ကျေးမှု ပြန်လည် အသက်သွင်း
ဖို့ကိုလည်း ကြိုးစားစေချင်ပါတယ်။

Apr 15, 2014 03:35 PM

ဆိုက်တခုလုံးသို့