အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

2015-07-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတွေနဲ့ တခြားသာသာဝင်ယောကျ်ားတို့ လက်ထပ်တဲ့အခါမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမတွေကို အကာအကွယ်ပေးဖို့အတွက် ဒီဥပဒေကို ပြဌာန်းတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဆွေးနွေးခဲ့ပါတယ်။

"ဒီဥပဒေရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်တဲ့ ယောကျ်ားတို့ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေဆက်ဆံခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သားသမီးထိန်းသိမ်းခြင်း စတဲ့အခွင့်အရေးများ ကို မျှတစွာရရှိခံစားနိုင်ရေးနဲ့ ထိရောက်တဲ့ကာကွယ်မှုများပေးနိုင်ရန် ပြဌာန်းရခြင်းဖြစ်ကြောင်းကိုလည်း ဒါဥပဒေ ရဲ့နိဒါန်းမှာ ထည့်သွင်းဖော်ပြထားကြောင်း တင်ပြလိုပါတယ်"

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းကတော့ ဒီဥပဒေဟာ ဘာသာမတူ တိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်နေတာကြောင့် မပြဌာန်းသင့်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

"ကျမတို့နိုင်ငံမှာ ဒီမိုကရေစီရရှိလာတာ သက်တမ်းအလွန်နုနယ်ပါသေးတယ်၊ အခုလိုဥပဒေဟာ လွှတ်တော် မှာပြဌာန်းရန် မသင့်လျော်ပါ၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုဖွား အားလုံးအတွက် မရှိမဖြစ်အကျိုးရှိသော ဥပဒေမဟုတ်ဘဲ ဘာသာမတူသော လူနည်းစုတိုင်းရင်းသားများကို သွေးခွဲဆက်ဆံသော ဥပဒေဖြစ်ကြောင်း သိရပါတယ်၊ ဒီဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့လည်း ကိုက်ညီမှုမရှိပါ၊ နိုင်ငံတကာကလည်း စောင့် ကြည့်နေတဲ့အချိန်ဖြစ်ပါတယ်"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းပြီးဖြစ်ပြီး၊ အခုနောက်တစ်ခုဖြစ်တဲ့ မြန်မာဗုဒ္ဒဘာသာမိန်းများ ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို အတည်ပြုလိုက်တာပါ။

ကွန်မင့်များ (4)
Share

ရွှေ

နရေပျ- ထိုင်းနိုင်ငံ

၁။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ယောက်ျားတွေ အခြားဘာသာဝင်အမျိုးသမီးကိုယူရင် ဗုဒ္ဓဘာသာဝင်အဖြစ်ကနေ ကိုယ်ယူမယ့် အဲဒီအမျိုးသမီးကိုးကွယ်တဲ့ ဘာသာဝင်အဖြစ် ကူးပြောင်းပေးရတယ်။ ဒါပေမယ့် ဥပဒေချင်း မတူဘူး။
၂။ ခရစ်ယာန်ဘာသာဝင်အဖြစ် မကူးပြောင်းဘဲ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးကို လက်ထပ်တဲ့ ဗုဒ္ဓဘာသာဝင်ယောက်ျား ထောင်ဒဏ် (၁ဝ)နှစ် ခံရမယ်။ ၁၈၇၂ ခုနှစ် ခရစ်ယာန်ဥပဒေလေ။
၃။ အစ္စလာမ်ဥပဒေကျတော့ အဲဒီလောက် မပြင်းထန်ပေမယ့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးကို လုံးဝကာကွယ်ပေးထားတယ်။ လက်ထပ်မယ့် ဗုဒ္ဓဘာသာယောက်ျားဟာ အစ္စလာမ်ဘာသာဝင်အဖြစ် ကူးပြောင်းပေးရတယ်လေ။ ဟိန္ဒူဥပဒေကျတော့ ဟိန္ဒူဘာသာပြောင်းပေမယ့် လက်ထပ်လို့မရဘူး။ နဂိုရ်မွေးကတည်းက မိမွေးတိုင်း ဖမွေးတိုင်း ဟိန္ဒူလူမျိုးဖြစ်နေမှ လက်ထပ်ခွင့်ရတာပါ။
၄။မြန်မာ့ဓလေ့ထုံးတမ်းဥပဒေက သုံးစားလို့ကို မရတာ။ အသက်(၁၄)နှစ်ပြည့်ပြီးတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို ဘာသာခြားယောက်ျားနဲ့ လက်ထပ်ခွင့်ပေးထားတယ်လေ။ ကျန်းမာရေးရှုထောင့်ကပဲ ကြည့်လိုက်အုံး။ မဖြစ်သင့်တာပေါ့နော်။ကျန်လိုအပ်ချက်တွေလည်းအများကြီးပဲ။ မြန်မာ့ဥပဒေတွေ ပြင်စရာတွေ အများကြီးပဲ။ တန်းတူအခွင့်အရေးရချင်ရင်တော့ မြန်မာ့ဥပဒေအကုန်လုံး ပြန်စိစစ်ရလိမ့်မယ်။ မလွယ်လှဘူး။

Jul 10, 2015 10:18 AM

ဗိုလ်ဟောင်း

နေရပ်- Myanmar

မြန်မာ့ဓလေ့ထုံး ဥပဒေ တို့ မြန်မာ အမျိုးသမီးများ အထူးထိမ်းမြားလက်ထပ်ခြင်း ဥပဒေ တို့ရှိပြီးသား ပါ။ Diplomacy ရှိရှိ နိုင်ငံရေး ပရိယာယ် ရှိရှိ ရှိပြီးသား ဥပဒေ ကို လိုအပ်တာ ဖြည့်စွက်တယ် အသက်ဝင်အောင်လုပ်တယ် ဆိုရင် ပြည်တွင်းပြည်ပ က ဒီလောက် မကြေမနပ် ဖြစ်မှာ မဟုတ်ဘူး အခုတော့ ဘာသာမုန်းတီးရေး ဆန့်ကျင် ပါတီ ကို တိုက်ခိုက်ရေး ကို ဦးစားပေးပြီး စိတ်လိုက်မာန်ပါ လုပ်တဲ့ အတွက် ပြည်တွင်းပြည့်(အထူးသဖြင့် အာရပ် နိုင်ငံတွေ) က မုန်းတီး ရာဇသံ ပေးတာခံနေရတာပေါ့။

Jul 09, 2015 05:48 PM

မြန်မာပြည်သား

နရေပျ- ထိုင်းနိုင်ငံ

၁။သမ္မတလက်မှတ်ထိုးပြဋ္ဌာန်းပြီးတာ လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေပါ ။ ကိုးကွယ်ခြင်းဆိုင်ရာ ဘာသာကူးပြောင်းမှုဥပဒေ မဟုတ်ပါဘူး။ သတင်းတင်ထားတာ ပြန်စိစစ်သင့်တယ်။
၂။ဘာဖြစ်လို့ ဥပဒေ ပြဋ္ဌာန်းရတာလဲလို့ အကြောင်းတရားကို လေ့လာပြီး အဖြေရှာသင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ပါတီလူကြီးတစ်ယောက်ဖြစ်ပြီး အကြောင်းအကျိုးဆက်သဘောကိုမှ နားမလည် လက်မခံဘဲ ဘယ်ဥပဒေကိုမဆို တစွတ်ထိုးဝေဖန်နေမယ်ဆိုရင် သင်ဟာ နိုင်ငံအတွက် လူမှန်နေရာမှန်မဟုတ်သေးဘူးဆိုတာ သဘောပေါက်စေချင်တယ်။

Jul 08, 2015 07:11 AM

အမည်မဖော်လိုသူ

ဗုဒ္ဓဘာသါယောကျာၤးတွေ တချားဘာသါ အမျိုးသမီးကိုယူရင် ဒီဥပဒေ အတိုင်းဆုံးဖြတ်ပေးမှာလါး

Jul 07, 2015 10:47 PM

ဆိုက်တခုလုံးသို့