လွှတ်တော်ကော်မတီတွေ လွတ်လပ်စွာဖွဲ့ခွင့်မရ

နေပြည်တော်မှာ ကျင်းပနေတဲ့ ဒုတိယ အကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ ကော်မတီ (၁၉) ခု ဖွဲ့စည်းခဲ့ရာမှာ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းကြား ရွေးချယ်တင်မြှောက် တဲ့ စနစ်မျိုးမဟုတ်ဘဲ သမ္မတ စိတ်ကြိုက် တိုက်ရိုက် ရွေးချယ် ခန့်အပ်ခဲ့တာမျိုး ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2011-09-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
(Photo: AFP/MRTV 4)

သက်ဆိုင်ရာ ကော်မတီမှာ ခန့်အပ်ခံရသူတွေ အများစုဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် နိုင်ငံအတွက် ပြုပြင် ပြောင်းလဲသင့်တဲ့ လွှတ်တော်တွင်း ဥပဒေပြုရေး ကိစ္စတွေမှာ အတိုက်အခံတွေ လိုလားတဲ့ အပြောင်းအလဲမျိုး ဖြစ်လာဖို့ကတော့ ခက်နေဦးမှာ ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် တချို့က RFA ကို ပြောပါတယ်။

ဒါ့အပြင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးတုန်းက စက်ခလုတ်သုံးပြီး လျှို့ဝှက် မဲပေးစနစ် သုံးခဲ့ပေမယ့် အခုတခေါက် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဗြောင် မဲပေးစနစ် ပြောင်းလဲကျင့်သုံးနေရာမှာ အားနည်းချက် အားသာချက်တွေလည်း ရှိကြောင်း သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ NDF ပါတီ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လျှို့ဝှက် မဲပေးစနစ် မသုံးရဲတာ ကျွှန်တော်တို. ကြံ့ဖွတ်လူကြီးများက ကိုယ့်အမတ်တွေကိုယ် မယုံလို.ပါ တကယ်ပါ။

Sep 11, 2011 01:06 PM

အမည်မဖော်လိုသူ

This is the Myanmar Way of Demovracy, Like Myanmar Socialism in 1960 to 1980s.

Sep 11, 2011 08:14 AM

ဆိုက်တခုလုံးသို့