လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆွေးနွေးဖို့ ပါတီတွေပြင်ဆင်

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တင်ပြဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေ ပြင်ဆင် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
2011-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာမှတတိယ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာမှတတိယ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား အနေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့မတွေ့ အတိအကျ မသိရသေးပေမယ့် တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း၊ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားကိစ္စကို အလေးထား တင်ပြမှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“တိုင်းပြည်ကို ပြုပြင်ပြောင်းလဲစေချင်တဲ့ မိမိရဲ့ အယူအဆလေးနဲ့ ဆွေးနွေးငြင်းခုန်ကြတယ်၊ ဆန္ဒထုတ်ဖော်ကြတယ် ဆိုတဲ့နေရာမှာ အကြောင်းကြောင်းကြောင့် ထိန်းသိမ်းထားခဲ့ကြတယ်ဆိုရင် လွှတ်ပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။ လွှတ်ပေးမှလည်းပဲ နှစ်ဘက်ပြေအေးဖို့၊ ထာဝရ ငြိမ်းချမ်းနိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်ဖို့ လမ်းကြောင်းက ရှိနေပြီလေ။ အဲဒီအပေါ်မှာ အဓိပ္ပါယ်နှစ်ခွ ဖြစ်မယ့်ဝေါဟာရကို မသုံးဘဲနဲ့ ပြည်သူက ကြိုက်တဲ့ ဝေါဟာရဖြစ်အောင် ပုံဖော်ပေးဖို့ ကျနော်တို့က လိုလားပါတယ်”

မစ္စတာ ကင်တားနားနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့်သီတင်းပတ် အတွင်း တွေ့ဆုံဖို့ရှိကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း NLD က ထုတ်ပြန် ပြောကြားပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အနေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီက လတ်တလော ဖြစ်ပွားနေတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ မြေယာ အသိမ်းခံရမှုတွေကို ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဒီအကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ် မေးမြန်းတင်ပြထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

somebody want to the changes in country.so they try to speak out the rights for the people in public.and then they dedicated to move the people to demonstrate the loss of justice and right of a citizen.for their attempt.they were sent to jails for long terms.they are in trouble some in jails.and then their families are also suffering the sorrow, losses and pains,too.they do it for common.not for their self-seeking.now Government has already changed not only in persons but also in system.so they should be free from jail term.after doing negotiation with them ,government should let them to take part in politics.they will also become the segments of new government.and it also be the way to keep peace ,unity and stability inside the country.it is a suggestion for hoping good deed for all.

Aug 22, 2011 12:03 PM

ဆိုက်တခုလုံးသို့