နိုင်ငံကူးလက်မှတ် လျှောက်ထားသူများလာ


2018.11.27
passport-office-622.jpg ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တွေ့ရစဉ်
Photo: RFA

နိုင်ငံကူူးလက်မှတ် လျှောက်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာမေးမြန်းခဲ့ရာမှာ ဗိုလ်မှူးကြီးဖုန်းတင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူတွေဟာ ၂၀၁၄ ခုနှစ်မှာ ၁၂၀၀ ကျော်၊ ၂၀၁၅ ခုနှစ်မှာ ၁၃၀၀ ကျော်၊ ၂၀၁၆ ခုနှစ်မှာ ၂၂၀၀ ကျော်၊ ၂၀၁၇ ခုနှစ်မှာ ၁၉၀၀ ကျော်နဲ့ ၂၀၁၈ ခုနှစ်မှာ စက်တင်ဘာလအထိ ၂၂၀၀ ကျော်အထိရှိနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကြောင့် နေရပ်စွန့်ခွာအလုပ်လုပ်ကိုင်သူတွေဟာ နေ့စဉ်နဲ့အမျှ ရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်သွားရောက်ကြတာတွေရှိသလို တရားမဝင် သွားရောက်ကြတာတွေ လည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြည်ပနိုင်ငံတွေကို တရားဝင်ထွက်ခွာနိုင်ဖို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက စစ်တွေမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။