ပေါက်တောမှာ မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်

2014-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်စလင်ဒုက္ခသည်စခန်းမှ ဇန်နဝါရီလ ၁၆ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့အိမ်များကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်စလင်ဒုက္ခသည်စခန်းမှ ဇန်နဝါရီလ ၁၆ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့အိမ်များကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီကနေ့မနက် ၁ နာရီလောက်က မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ထောင်စု ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ခုလို ပြောပါတယ်။

“ဆင်တက်မော်ကျေးရွာ ဘင်္ဂါလီကယ်ဆယ်ရေး စခန်းမှာ ဖြစ်တာပါ။ အဆောင်အမှတ် ၈၇၊ အဲဒီကနေ စလောင်တာလေ မီးက။ ဆုံးရှုံးသွားတာက နေအိမ် ၈ ခန်းတွဲအဆောင် ၃၁ လုံး၊ မီးဖိုဆောင်က ၆ လုံး၊ စာသင်ဆောင်က ၂လုံး၊ ပေါင်း ၃၉ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်”

အဲဒီမီးဟာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီလောက်လောင်ကျွမ်းအပြီးမှာ မီးငြိမ်း သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေ အဲဒီဒုက္ခသည်စခန်းကို ရောက်နေပြီး ဒုက္ခသည်တွေအတွက် လတ်တလောလိုအပ်ချက်တွေကို စီမံဆောင်ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့