ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနား သံဃာများ ဆုတောင်း


2013.11.03

ကချင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမြို့မှာ သံဃာအပါးတစ်ရာကျော်ဟာ ဒီနေ့ မနက် ၄ နာရီက ဝန်းသိုကျောင်းတိုက်မှာ မေတ္တာပို့ဆုတောင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ဓမ္မရက္ခိတကျောင်းတိုက် ဝန်းသိုဆရာတော်ဘုရားကြီးရဲ့ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ဆရာတော်ကြီးဘဒ္ဒန္တ သီလဝံသနဲ့အတူ သံဃာတော်အပါး တစ်ရာကျော်က မေတ္တာပို့သခဲ့ကြတာပါ။

အခုလို ဆုတောင်းပွဲကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ဝန်းသိုဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဝါးရှောင်ဆရာတော်က RFA ကို အခုလိုမိန့်ပါတယ်။

"ငြိမ်းချမ်းရေးအပေါ်မှာ ကချင်ပြည်နယ်က ရဟန်းရှင်လူများက အများကြီ မျှော်လင့်တောင့်တနေကြပါတယ်၊ တခါလာလည်း တစ်ခေါက်ပြန်ညှိဦးမယ်၊ တခါလာလည်း တစ်ခေါက်ပြန်ညှိဦးမယ်ဆိုတော့ အားလုံးက ရင်မောနေကြတယ်၊ သံဃာတွေရဲ့ မေတ္တာဆန္ဒအတိုင်းကို ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေကလည်း နှလုံးသားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးကြပါလို့ ပြောချင်ပါတယ်"

ဒီဝန်းသိုဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တာမခမ်တာလောကြီး၊ ဆင်ဘိုစတဲ့ဒေသတွေက ရှမ်းတိုင်းရင်းသား ရဟန်းရှင်လူ ၄ ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။