Phan Foundation ဆု ချီးမြှင့်
2012.03.12
ဗြိတိန်နိုင်ငံ အခြေစိုက် Phan Foundation ၏ ဝက်ဘ်စာမျက်နှာ ဖြစ်ပါသည်။
RFA
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်ရှာလဖန်းအတွက် အမှတ်တရ အနေနဲ့ ဒီလူငယ်ခေါင်းဆောင်ဆုကို နှစ်တိုင်း ဖန်းဖောင်ဒေးရှင်းက ပေးလေ့ရှိပါတယ်။
အဲဒီဆုနဲ့အတူ အမေရိကန် ဒေါ်လ (၂) ထောင်ကိုလည်း ချီးမြှင့်ပေးပါတယ်။
စောထူးထူးအဲကို ဆုရရှိရေးအတွက် Free Burma Rangers ရဲ့ ညွန်ကြားရေးမှုုး David Eubank က အဆိုတင်သွင်း ခဲ့တာ ဖြစ်ပါတယ်။
Mr. Eubank က စောထူးထူးအဲဟာ မြို့နယ် (၄) ခုမှာ ဒုက္ခသည် ကရင်တိုင်းရင်းသားတွေကို ကူညီ ပေးနေတဲ့အဖွဲ့ (၆) ဖွဲ့ကို ဦးစီးတဲ့အပြင်၊ သူကိုယ်တိုင်လည်း အသက်အန္တရာယ် ကြုံတွေ့နေရတဲ့ကြားက ဇွဲမလျော့ဘဲ အကူအညီတွေ ဆက်လက် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖန်းဖောင်ဒေးရှင်းရဲ့ ညွန်ကြားရေးမှူုး မဇိုယာဖန်ကလည်း စောထူးထူးအဲဟာ သူ့အသိုင်းအဝိုင်းနဲ့ သူ့လူမျိုး တွေအတွက် အရေးပါတဲ့ သူဖြစ်တယ်၊ သူဟာ အကူအညီ အထောက်ပံ့တွေကို လိုအပ်တဲ့သူတွေဆီ ရောက်အောင် စီစဉ်ပြီး၊ အသက်တွေ ထောင်နဲ့ချီပြီး ကယ်ဆယ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။









