PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ

PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
2012-08-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးရန် PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးရန် PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
Photo Courtesy of Nay Min

ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အနေနဲ့ သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"

ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။

PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။

ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
Share

HomeSickBoy

နေရပ်- In The World,SSS

ကျွန်တော်တို့မြန်မာနိုင်ငံသည်ဒီမိုကရေစီအရေးနှင့်တိုးတက်ရေးကိုကြည့်လျှင်အရမ်းပင်နောက်ကျနေပါသည်။နိုင်ငံတိုးတက်ရေးကြည့်လျှင်(အရှေ့တောင်အာရှ)အာဆီယံနိုင်ငံတွင်၁၉၄၇တွင်လွတ်လပ်ရေးရပြီး,အခြားနိုင်ငံနှင့်ယှဉ်လျှင်မလေးရှားနိုင်သည်၁၉၅၇တွင်လွတ်လပ်ရေးရပြီး(၁၀) နှစ်နောက်ကျပေ့မယ်ယခုဆိုလျှင်တိုးတက်မူတွေအရမ်းပင်ကွာဟလျက်ရှိပါသည်။ Singapore ကိုတော့မဆိုထားနှင့်။အဘယ်သောကြောင်းကြောင့်နည်း?

Aug 26, 2012 02:54 PM

အမည်မဖော်လိုသူ

Whole civil war should be stopped without condition atonce by anyway. Because of that even foreign invaders dare to insult us. I don't comment anything the military period. But now military period is close to end. Because of still fighting harder, the strugglers for reconcillation will be weak and long b ad night dream . Stop immediately and go to the absolute peace. No goal that you're dreaming in this world. World and time are already changed. If late you will be regreted heavily and people have been suffering long because of your craziness and out of education.

Aug 26, 2012 01:23 AM

ဆိုက်တခုလုံးသို့