ပအိုဝ်းအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို ဟိုပုန်းမြို့မှာ ၅ ရက်ကြာ ကျင်းပမည်


2017.02.05
khun-myinttun-pnlo-620.jpg ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Win Ko Ko Latt/RFA

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက် နေ့အထိ ရှမ်းပြည်နယ် ဟိုပုန်းမြို့မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်မှာ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော်တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူလိုက်တာဖြစ်တယ်လို့ ခွန်မြင့်ထွန်း က ပြောပါတယ်။

"ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် နေ့ရက်နဲ့ နေရာကို ကျနော်တို့ အဓိကထားပြီး ဆွေးနွေး ညှိနှိုင်းကြတာဖြစ်ပါတယ်။ အဓိက နေ့ရက်ကတော့ အခုလာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျနော်တို့ ငါးရက်တာ ကျင်းပမှာဖြစ်ပါတယ်။ နေရာကတော့ ဟိုပုန်းမြို့ဖြစ်ပါတယ်။"

အရင်က ပအိုဝ်းအမျိုးသားတွေက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရရဲ့ သဘောထားအရ ဟိုပုန်းမြို့မှာ ပြောင်းရွှေ့ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲဒီအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်က ပအိုဝ်းတိုင်းရင်းသားတွေ အပြင် နိုင်ငံအနှံ့မှာ နေထိုင်တဲ့ ပအိုဝ်းကိုယ်စားလှယ်တွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။