မြစ်ကြီးနားမှာ ဆန္ဒပြတာကြောင့် အဖမ်းခံရသူ ၂၁ ဦးရှိပြီ
2021.02.20
မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် အဖမ်းခံရသူ စုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။
အဲဒီထဲက ၂၀ ဦးကတော့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အာမခံနဲ့ အဖမ်းခံရသူတွေက နောက်နောင်မလုပ်တော့ဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေးထိုးပြီး ပြန််လည်လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ စစ်သားနဲ့ ရဲတွေရဲ့ လူစုခွဲရိုက်နှက်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိသလို ဆရာမတစ်ဦးဆိုရင် လက်သန်းကြွယ် ကျိုးတဲ့အထိ ဒဏ်ရာရရှိခဲ့ပါတယ်။
ဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်တဲ့ မန္တလေးကျောင်းတိုက် ဒုတိယ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသက ပြန်မလွတ်လာသေးပါဘူး။ ဆရာတော်ကို ၁၈ ရက်နေ့က ဖမ်းခေါ်သွားတာပါ။