မူးယစ်ဆေး ကျပ်သိန်းနှစ်ထောင်ကျော်ဖိုး တာချီလိတ်မှာ ဖမ်းမိ


2015.05.14

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့နယ်မှာ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူတစ်ဦးကို တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းရဲတပ်ဖွဲ့က မေလ ၁၃ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။

နားယောင်းကျေးရွာအုပ်စု တာချီလိတ် - တာလေ ကားလမ်းပေါ်မှာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှာ လ္ဘက်ခြောက်အိတ်တွေထဲ ဝှက်ယူလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုးက ပြောပါတယ်။

"မူးယစ်ဆေးဝါးဖမ်းမိတာကတော့ ၈.၅ ကီလိုရှိတယ်။ Methamphetamine ခေါ် ICE လို့ခေါ်တာပေါ့"

မြန်မာ၊ လာအို၊ ထိုင်း၊ တရုတ် လေးနိုင်ငံမှာ နိုင်ငံအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံကိန်းကို မေလ ၁၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ပူးပေါင်းဆောင်ရွက်နေရာမှာ တာချီလိတ်ခရိုင် မဲခေါင်စစ်ဆင်ရေး ၂ က ပထမဆုံးအကြိမ် တန်ဖိုးအများဆုံး ဖမ်းမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။