မြင်းခြံဗကသကျောင်းသားခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး

2015-04-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လွန်ခဲ့တဲ့ နှစ်ဆန်း ဇန်န၀ါရီလ ၂၆ရက်နေ့က မြင်းခြံဒီဂရီကောလိပ်မှာ စိုက်ထူးထားတဲ့ နိုင်ငံတော်အလံ ကို ဖြုတ်ချခဲ့ပြီး ခွပ်ဒေါင်းအလံကို တင်ခဲ့တဲ့အထဲမှာ ပါဝင်တယ်ဆိုပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို မြင်းခြံမြို့နယ် မြို့မရဲစခန်းက မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်ကိုသန့်ဟာ ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို အလံဖြုတ်ချရာမှာလည်း မပါဝင်ခဲ့ဘူးလို့ မန္တလေးမြို့တောင်ခွင် မင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက ပြောပါတယ်။

"ကိုဇင်ကိုသန့်ကို ဖမ်းဝရမ်းထုတ်ထားတယ်ပေါ့နော်၊ ပညာရေးသပိတ်စစ်ကြောင်း စပြီးထွက်ခွာပြီဆိုကတည်းက ကျနော်တို့နဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့အတွက် ကျနော်တို့က ဒါဟာအခြား ဇင်ကိုသန့် တစ်ယောက်လို့ ယူဆတဲ့အတွက် အသိပေးတာ ရှောင်ခိုင်းတာလည်းမရှိဘူးပေါ့နော်"

မန္တလေးတိုင်းဒေသကြီး အုန်းချောကျေးရွာမှာနေထိုင်တဲ့ ကိုဇင်ကိုသန့်ကို ကျေးရွာရဲစခန်းထံ ဆင့်ခေါ်ပြီး မြင်းခြံမြို့နယ် မြို့မရဲစခန်းက လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ရက်နေ့က မန္တလေးမြို့ကနေ စတင်ချီတက်လာတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းဟာ မြင်းခြံမြို့ကို ဇန်န၀ါရီလ ၂၆ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတချို့က မြင်းခြံဒီဂရီကောလိပ်မှာရှိတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ခွပ်ဒေါင်းအလံကို လွှင့်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ မုံရွာနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို ပြီးခဲ့တဲ့မတ်လက ဖမ်းဆီးပြီး မြင်းခြံအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး မိတ္ထီလာ နည်းပညာတက္ကသိုလ် က ကျောင်းသား ကိုမြတ်မင်းသူကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

hate

နေရပ်- bullian

The government plays dirty game again and again.
people have been bullied by military governments for more than 50 years.. and became our enemy since 1988.

Apr 29, 2015 12:29 PM

Lu Hman

နေရပ်- Myanmar

သဘောကတော့ သူဟုတ်တာ မဟုတ်တာ အရေးမကြီးဘူး ကျောင်းသား သမဂ္ဂ နဲ့ ပါတ်သက့် တဲ့ လူ ကို မှတ်လောက်သားလောက်အောင် အကြောင်းရှာ ဖမ်းမှာပဲ။ ဒီအစိုးရ ဟာ ဥပဒေ နဲ့ ညီညွတ်တဲ့ အစိုးရမှ မဟုတ်တာ။

Apr 28, 2015 07:16 PM

ဆိုက်တခုလုံးသို့