မြို့သာစီမံကိန်း ရုန်းရင်းဆန်ခတ်မှု NLD ပါတီဝင် နှစ်ဦးကို ဖမ်းဆီး

2015-04-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့က တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားနေတာတွေကို ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တဲ့ NLD ပါတီဝင်နှစ်ဦးကို ဖမ်းဆီးသွားတာလို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေက ပြောပါတယ်။

"တောင်သူတွေရဲ့ မြေသိမ်းခံရတဲ့ကိစ္စတွေကို သူတို့ကမှတ်တမ်းရိုက်တယ်၊ ရိုက်ပြီး သမ္မတ အပါအဝင် လွှတ်တော်သုံးရပ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်ထဲရေးဌာန စတဲ့သက်ဆိုင်ရာဌာနတွေကို သတင်းအတိအကျတင်ဖို့ရာအတွက် မှတ်တမ်းသွားပြီးရိုက်တဲ့အချိန်မှာပဲ စခန်းမှူးက သူတို့နှစ်ယောက်ကို ဖမ်းဆီးသွားခဲ့တယ်"

မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က လယ်ယာမြေဧက တစ်သောင်းကျော်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းဧရိယာထဲမှာရှိတဲ့ လက်ပံကျင်းရွာအနီး တည်ဆောက် မယ့် ဂေါက်ကွင်းဟာ လယ်ယာမြေဧက ၁၀၀ ကျော်ရှိပြီး အဲဒီမြေနေရာတွေအတွက် ဒေသခံတောင်သူတွေ က လျော်ကြေးငွေ အပြည့်အဝမရရှိသေးကြောင်း ပြောပါတယ်။

မနေ့က ဂေါက်ကွင်းစီမံကိန်းလုပ်ဆောင်နေစဉ် ဒေသခံလယ်သမားတွေက တားမြစ်ရာက ရဲတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်သူမြင့်နဲ့ ကိုအောင်ကိုဝင်း တို့နှစ်ဦးဟာ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ် NLD ပါတီဝင်တွေဖြစ်ကြတဲ့အပြင် NLD ပါတီက ဖွဲ့စည်းထားတဲ့ သိမ်းဆည်းခံလယ်ယာမြေဖော်ဆောင်ရေးအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

အဖမ်းခံရသူတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

bad

နေရပ်- government

bullshit government,,,just pretended democracy....bully people...

Apr 30, 2015 10:10 PM

အမည်မဖော်လိုသူ

သတ်မှတ်နယ်မြေထက်ပို၍ကျော်လွန်ခိုးယူတာကကုမ္ပဏီ တချို့တောင်သူတွေကကျတော့အရင်ငါးသိန်းထက်ပို၍လိုချင်နေပြန်လို့ဆန္ဒပြ ဘာမှန်းမသိတော့ဘူးးကုမ္ပဏီမြေခိုးချဲ့နေတာတော့အထင်အရှားပါ နယ်ခံအာဏာရူးတွေမြို့နယ်အာဏာရူးတွေကကုမ္ပဏီကိုဘက်လိုက်ဆိုတော့အဲစီမံကိန်ပျက်ပါစေဘဲဆုတောင်းချင်တော့တာပါဘဲ

Apr 30, 2015 08:18 PM

Taing Chit

နေရပ်- Myanmar

ကိုယ်လုပ်တာမှန်တယ် ပွင့်လင်းမြင်သာတယ် ဖုန်းကွယ်စရာ မလိုဘူးဆိုရင် မှတ်တမ်းယူတာ ဘာဖမ်းစရာလိုလဲ စစ်အာဏာရှင် လက်ထက်ကအတိုင်း လုပ်နေတာ ဖမ်းတဲ့ ရဲ က တပ်ကလွှတ်ထားတာမို့ဖြစ်မှာပေါ့။

Apr 30, 2015 08:03 PM

ဆိုက်တခုလုံးသို့