ပန်းလှိုင်တံတားအနီး ကျူးကျော်တဲ ၂၀၀၀ အဖျက်ခံရ


2014.01.14
hut-305.jpg ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ဖျက်ဆီးခံရတဲ့ ကျူးကျော်တဲများကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပန်းလှိုင်တံတားအဆင်းက ကျူးကျော်တဲ နှစ်ထောင်နီးပါးလောက်ကို ဒီနေ့မနက်က တွံတွေးမြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်တာဝန်ရှိသူတွေ နဲ့ ကျေးရွာသားတွေက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ လှိုင်သာယာစက်မှုဇုန်တဝိုက်မှာ အိမ်လခ တစ်လကို သုံးသောင်းကျပ်ရှိတာကြောင့် အိမ်ငှားခမတတ်နိုင်တဲ့အတွက် အခုလို ကျူးကျော်တဲထိုးနေတာဖြစ်တယ်လို့ ကျူးကျော်အိမ်ဆုံးရံှုးသွားတဲ့ အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။

“ကျမတို့ တစ်နေ့လုပ် တစ်နေ့စားတဲ့ဘဝတွေ မရှိလို့လာနေကြတာ အိမ်လခတစ်လ ၃ သောင်း ကျမတို့မပေးနိုင်ဘူး၊ မိသားစုများလို့ ကျမတို့ကို အိမ်ရှင်တွေက ပြန်ခိုင်းတယ်၊ ကျမတို့လည်း မရှိလို့ ဒုက္ခရောက်လို့ လာနေကြတာပေါ့၊ ဒီလိုနေရာမျိုးမှာ ကျမတို့ ဒုက္ခခံပြီး လာနေတာပါ”

အဲဒီ ကျူးကျော်တဲအိမ်တွေကို ဒီနေ့မနက် ၃နာရီလောက်ကတည်းက ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ တချို့ ကျူးကျော်တဲတွေဟာ ဆောက်လုပ်ပြီးစီးတာ ရက်ပိုင်းပဲရှိသေးတယ်လို့ ပြောပါတယ်။

ကျုးကျော်သူအများစုဟာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးမှာ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ပြောင်းရွှေ့သူတွေ များလာတာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။