နိုင်ငံရေးဆွေးနွေးပွဲကတဆင့် အခြေခံဥပဒေပြင်ဖို့ သမ္မတအကြံပြု

2014-05-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတ ဦးသိန်းစိန်ပုံ
သမ္မတ ဦးသိန်းစိန်ပုံ
photo: President Office Website

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရရှိတဲ့ သဘောတူညီ ချက်တွေပေါ် မူတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့် စွက်ရေးသားတာတွေ ပြုလုပ်သင့်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ တိုင်းပြည်ကို လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်း မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတက အခုလို အကြံပြုလိုက်တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲမျိုး မှ ပေါ်ပေါက်လာသော သဘောတူညီချက်များအပေါ် မူတည်ြပီ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံကို နိုင်ငံရေးမှာပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမှု၊ ဥာဏ်ပညာကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတွေနဲ့သာ ပြင်ဆင်သင့်ကြောင်းနဲ့  မည်သည့်နိုင်ငံသား တိုင်းရင်းသားတွေကိုမှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်ထားတာ မဖြစ်စေလိုကြောင်း၊ ဒါပေမယ့် အမျိုးသား အကျိုးစီးပွား နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးရေး အကာအကွယ်ပေးနိုင်တဲ့ အခြေခံတွေရှိဖို့ လိုအပ်ကြောင်းလည်း သမ္မတက ထည့်သွင်းပြောသွားခဲ့ ပါတယ်။

ကွန်မင့်များ (10)
Share

အမည်မဖော်လိုသူ

သူများ ရေးပေးတာ၊ အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်းကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ်ပြတာထက် မပိုဘူး။ ဒါ့အပြင် ဘာလုပ်တတ်သလဲဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင်တိုက်မယ်။ ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။''

Jun 07, 2014 11:58 PM

(

သမ္မတရဲ့သဘောက ငြိမ်းချမ်းရေးဆွေးနွေးတာ အောင်မြင်မှ
ပြင်မယ်ပေါ့။ မပြင်ချင်တော့ မအောင်မြင်အောင် “လုပ်”ရုံပဲ။

Jun 02, 2014 04:21 AM

အမည်မဖော်လိုသူ

နေရပ်- Yangon.

I hope that all military would like to remove 436 from constitution but they still need to reserve it to bury with Than Shwe.

Jun 02, 2014 02:07 AM

(

A beacon of lies & deceptions. The Peace talk should be a Genuine one and should not be a scapegoat for the survival of evil aims and agendas.

Jun 01, 2014 04:48 AM

အမည်မဖော်လိုသူ

if there is no agreement btwn them...how?

May 31, 2014 09:34 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့