စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တိုက်တွန်း

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုတွေအပေါ် နိုင်ငံတော် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဧပြီလ (၂၃) ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

2012.04.23
88-student-leaders-shwedagon-b305 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိစဉ်။
RFA

မြန်မာနိုင်ငံ ဒေသတချို့မှာ ဒေသခံပြည်သူတွေအပေါ် အောက်ခြေ လက်နက်ကိုင်အဖွဲ့တွေ၊ အာဏာရပါတီ အဖွဲ့အစည်း အဆင့်ဆင့်တို့ရဲ့ အင်အားသုံး ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်မှုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ လူနည်းစု ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံ အကြမ်းဖက်မှု၊ ဘာသာရေး အကြမ်းဖက်မှု စတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်နေကြောင်း၊

ဒီဖြစ်ရပ်တွေဟာ အပြောင်းအလဲကို ဆန့်ကျင်လိုသူတွေက နိုင်ငံရေး အကြပ်အတည်းဖြစ်အောင်၊ ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ကြောင်း ပြန်လှည့်သွားအောင် ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ကြံ ဖန်တီးနေတယ်ဆိုတာ သက်သေခံနေကြောင်း၊

ဒါ့ပြင် နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့၊ တပ်မတော်တို့အနေနဲ့ ပြုပြင် ပြောင်းလဲနေသူများအဖြစ် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရေးကိုလည်း ဒီဖြစ်ရပ်တွေက ထိခိုက်စေကြောင်း၊

ဒါကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး အချိန်နဲ့ တပြေးညီ ဖော်ထုတ် အရေးယူသင့်ကြောင်း ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-24 02:58

၈၈ မိုးဆက်သစ်တို့ု့လုပ်ဆောင်ချက်အားကြိုဆိုပါသည်။

Anonymous
2012-04-24 05:59

၈၈ကျောင်းသားခေါင်းဆောင်များ၏တောင်းဆိုမူ့မျာာားားးကိုထောက်ခံပါသည်။