နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး တင်ပြမှု လွှတ်တော်က လက်ခံ

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆိုကို နိုင်ငံတော်သမ္မတထံ တင်သွင်းဖို့ လွှတ်တော်က သဘောတူ လက်ခံပြီလို့ သိရပါတယ်။

2011.08.26
poster-campaign1-305 ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
Photo: RFA

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းဆို နေတဲ့ အတွက် ယုံကြည်ချက်ကြောင့် အကျဥ်းကျ ခံနေရသူများ ဆိုတဲ့ စကားရပ်ကို သုံးစွဲပြီး ကြာသပတေးနေ့က တင်သွင်းခဲ့တဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ လက်ခံလိုက်ကြောင်း ဦးသိန်းညွန့်က RFA ကိုပြောပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေး အကျဉ်းသား အရေးနဲ့ ပတ်သက်တဲ့ အဆိုကိုသာ အဓိက ဆွေးနွေးခဲ့ကြကြောင်း အမတ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောက်ခံ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ထဲမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အမတ် ၂ ဦး နဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးပွဲ အကြောင်း ဦးသိန်းညွှန့်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-30 01:14

The Great MP U Than Nyunt, he only do well among all most all of sleeping MP