နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုရေး ဆွေးနွေးပွဲ ကျင်းပမည်

2014-08-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win

နိုင်ငံရေးအကျဉ်းသားတွေအတွက် တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ ပါဝင်မယ့်ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် ဓမ္မပီယကျောင်းတိုက်မှာကျင်းပဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။

ဒီအစီအစဉ်ကို လာမယ့် သြဂုတ်လ ၁၇ နဲ့ ၁၈ ရက် နှစ်ရက်တာပြုလုပ်မှာ ဖြစ်တဲ့အကြောင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။

"မြန်မာနိုင်ငံထဲမှာရှိတဲ့ အကျဉ်းသားနဲ့ပတ်သက်ပြီး လုပ်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေ နောက်တခြား နိုင်ငံတကာပညာရှှုင်တွေပေါ့၊ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုမျိုးတွေကို သတ်မှတ်သင့်သလဲဆိုတာကို စုပေါင်းဆွေးနွေးကြမှာပါ

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြစ်မှုပြစ်ဒဏ်အမျိုးမျိုးနဲ့ချမှတ်ထားတဲ့အတွက် ရာဇဝတ်မှုဆိုင်ရာ ပုဒ်မတွေနဲ့အရေးယူခံထားရတာရှိသလို၊ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့သူတွေကိုလဲ နိုင်ငံရေးလှုပ်ရှားသူတွေကို ချမှတ်လေ့ရှိတဲ့ပုဒ်မတွေနဲ့အရေးယူထောင်ချတာတွေရှိတဲ့အတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးကို နိုင်ငံရေးအကျဉ်းသား အဖြစ် ခေါ်ဝေါ်သတ်မှတ်မလဲဆိုတာနဲ့ပတ်သက်လို့ အစိုးရနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာ ဝိဝါဒကွဲပြား မှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီရော မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပါ ကိုက်ညီနိုင်မယ့် တိကျတဲ့အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ကြိုးစားနေတာဖြစ်တယ်လို့သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအတွက် တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ပြည် တွင်း ပြည်ပအဖွဲ့အစည်းတွေ ပါဝင်မယ့်ဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ပြင်ဆင်နေတဲ့ အေအေပီပီအဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကွန်မင့်များ (2)
Share

ကျောက်တုံးကို ၀င်ဆောင့်ရဲတဲ့

နေရပ်- ၾကက္ဥ

နိုင် = အ“နိုင်”အထက်ပြုကျင့်ခံရသူ
ငံ = ဟင်းချက်ရာတွင် မပါမဖြစ်သော “ငံ”ပျာရည်ကဲ့သို့ လူ့အခွင့်အရေးလှုပ်ရှားသူ
ရေး = အခွင့်အ“ရေး” မလိုလားသူ
အ = “အ”ဖိနှိပ်ခံရသူ
ကျဉ်း = မှောင်မိုက်“ကျဉ်း”မြောင်းသောအခန်းထဲ ချုပ်ခံနေရသူ
သား = ထောင်ဝင်စာလာတွေ့တိုင်း ရင်ကျိုးးရသူ အမေ့“သား”

Aug 16, 2014 12:06 PM

လြယ္ပါတယ္

နေရပ်- မခက္ဘူး

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးကတည်းက စစ်ဗိုလ်တွေ က မြန်မာ့နိုင်ငံရေးနဲ့ “ပါဝင် ပတ်သက် ဆက်နွှယ် ရောယှက် ” နေတော့ စစ်ဗိုလ်ဆန့်ကျင်ရေးကို ပြုလုပ် ပြောဆိုနေတဲ့သူတွေ အဖမ်းခံရရင် “နိုင်ငံရေးအကျဉ်းသား” လို့ အဓိပ္ပါယ် ဖွင့်ဆို နိုင်ပါတယ်။

Aug 15, 2014 02:19 AM

ဆိုက်တခုလုံးသို့