အိုဘားမားခရီးစဉ် မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး
2012.11.15
အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မေလ ၁၇ ရက်နေ့တွင် နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်မြောက်လာသော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
ကြာသပတေးနေ့ထုတ် သတင်းစာတွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့သတင်း ပါလာပါလိမ့်မယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ဦးကတော့ အကျဉ်းသားဦးရေ ၄၅၀ ပြန်လွှတ်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အရေအတွက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါမယ်ဆိုတာ မသိရသေးပါဘူး။
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) AAPP ရဲ့ အောက်တိုဘာလကုန်ပိုင်း စာရင်းအရ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ ၂၈၃ ယောက် ရှိတယ်လ့ို ဖော်ပြထားပါတယ်။









