နိုင်ငံရေး အကျဉ်းသားဟောင်းများကော်မီတီ ဖွဲ့မည်

မြန်မာတနိုင်ငံလုံးက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကော်မတီ ဖွဲ့စည်းဖို့ နဲ့ လာမယ့် ဒီဇင်ဘာလမှာ ပြည်လုံးကျွတ် နိုင်ငံရေးအကျဉ်းသားများ ညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒီကနေ့ (M3) အမ်သရီးစားသောက်ဆိုင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

2012.10.21
political-prisoner-release-091812-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရ ရက်က သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ အင်းစိန်အကျဉ်းထောင်မှ လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုနေဝင်းက RFA သတင်းထောက်နှင့် တွေ့ဆုံပြောဆိုနေစဉ်။
RFA

ဒီလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းနိုင်မယ်ဆိုရင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ကို တိတိကျကျသိရှိနိုင်ပြီး အခြားလှုပ်ရှားမှုတွေလည်း တစ်စုတစ်စည်းထဲ လုပ်လာနိုင်မယ်လို့  ကော်မတီ အဖွဲ့ဝင် ကိုညိုထွန်းက RFA ကို ပြောပါတယ်။ ဒီကနေ့ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး  နိုင်ငံရေး အကျဉ်းသားဟောင်း (၁၅၀)ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ဆင်းရဲ့တဲ့ အခြေခံကျောင်း (၁၁)ကျောင်း ကို ကျပ် (၇၂) သိန်းဖိုး စာရေးကိရိယာပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။