သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လိုက်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

2012.09.19
u-thein-sein-thura-shwe-mann-b305 နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်း ပြောကြားအပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် လက်ဆွဲနှုတ်ဆက်နေစဉ်
Photo courtesy of Yangon Times

စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပါမယ်။

ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည် မနေ့က လက်ခံရယူချိန်မှာ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့ကို လာမယ့် သီတင်းပတ်မှာ ရောက်မလာခင်မှာ ခုလို ပယ်ဖျက်တာပါ။

ဦးသိန်းစိန်ဟာ အမေရိကန် အထက်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အခုစာရင်းက ပယ်ဖျက်လိုက်တဲ့ အမေရိကန်က ချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။