သမ္မတအိမ်တော်မှာ နေ့စဉ် သတင်းယူခွင့်ပြုမည်

2014-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာ သြဂုတ်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က တာဝန်ရှိသူတွေ တွေ့ဆုံစဉ်
နေပြည်တော်မှာ သြဂုတ်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က တာဝန်ရှိသူတွေ တွေ့ဆုံစဉ်
Photo: RFA

နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ လာမယ့် ၂ဝ၁၅ ဇန်နဝါရီလက စတင်ပြီး သတင်းမီဒီယာတွေကို နိုင်ငံတော် သမ္မတနေအိမ်တော် မှာ နေ့စဉ် သတင်းယူခွင့်ပြုမှာဖြစ်တယ်လို့  ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေကို ဒီကနေ့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းမှာ ဒီနေ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။

"ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေရယ်၊ နောက်တစ်ခုက အစိုးရအဖွဲ့ ရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေကို မီဒီယာတွေက လွယ်လွယ်ကူကူ သတင်းရဖို့အတွက်ကို လာမယ့်နှစ် ဇန်နဝါရီကစပြီးတော့ နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းထုတ်ပြန်ပေးတဲ့ အစီအစဉ်ကိုလုပ်ဖို့ လာရောက် ညှိနှိုင်းတာဖြစ်ပါတယ်"

သတင်းဦးစားပေးဖော်ပြတဲ့ ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံ သတင်းမီဒီယာတွေကို တက်ရောက်သတင်းယူခွင့်ပြုမှာဖြစ်ပြီး သတင်းမီဒီယာဌာနတစ်ခုကို တစ်ယောက်နှုန်းပဲ ခွင့်ပြုမယ်လို့ သိရပါတယ်။

သမ္မတအိမ်တော်ရဲ့လုံခြုံရေးအရ သက်ဆိုင်ရာ မီဒီယာဌာနတာဝန်ရှိသူတွေက ခွင့်ပြုထားတဲ့ သတင်းထောက်ကိုသာ သတင်းယူခွင့်ပြုမှာဖြစ်ပြီး တစ်ခြားသူတစ်ဦးကို လွှဲပြောင်းလာရောက်ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့