လွှတ်တော်တွင်း သတင်းရယူခွင့်ပြုဖို့ စာနယ်ဇင်းကောင်စီ တိုက်တွန်း

2018-08-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းယူနေတဲ့ သတင်းထောက်တွေကို တွေ့ရစဉ်
ပြည်သူ့လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းယူနေတဲ့ သတင်းထောက်တွေကို တွေ့ရစဉ်
Photo: NLD Chairperson Facebook

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေ ဒီကနေ့ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော်ရဲ့ ဖိတ်ကြားချက်အရ လွှတ်တော်တွင်း သတင်းရယူမှုအခြေအနေ တိုးတက်ဖို့အပါအဝင် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က လွှတ်တော်တွင်းမှာ သတင်းထောက်တွေအတွက် နေရာသီးသန့် စီစဉ်ပေးဖို့ အကြံပေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

"အခုကျုပ်​ အကြံပေးတာက ဒီအခုရှိနေတဲ့ လွှတ်​တော်​ရဲ့စနစ်​နဲ့ ဒီမိုကရေစီလွှတ်​တော်​စနစ်​ အကြံဥာဏ်​ပေးပါတယ်​၊ သတင်းစာနေရာထားပေးဖို့ လွှတ်​တော်​ကိုအကြံပေးပါတယ်​၊ ဒါမှတရားဝင်​သတင်းစာဆရာတွေ သတင်းရယူဖို့ နေရာသီးသန့်​ရှိပါမယ်​၊ အခုလို နေရာမဲ့မဖြစ်​အောင်​ အစီအစဉ်​တွေလုပ်​ပေးဖို့ တိုင်​ပင်​ပါတယ်​"

လွှတ်တော်တွင်း သတင်းရယူခွင့်ပြုဖို့ စာနယ်ဇင်းကောင်စီ တိုက်တွန်း

အကြံပြုချက်တွေ ချက်ခြင်းဖြစ်မလာနိုင်သေးပေမယ့် လွှတ်တော်တွင်း သတင်းရယူမှု ပိုမိုတိုးတက်လာမယ်လို့ ယုံကြည့်တယ်လို့လည်း ပြောပါတယ်။

၂ဝ၁၁ ခုနှစ်မှာ ပြန်လည်စတင်ခဲ့တဲ့ လွှတ်တော်တွေမှာ သတင်းထောက်တွေအတွက် နေရာသီးသန့်ထားပေး ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်မှာ အဲဒီအခန်းတွေမှာ သတင်းရယူခွင့်ပိတ်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့