မီဒီယာသမားများ လုံခြုံရေး တပ်နဲ့ စာနယ်ဇင်းများ ဆွေးနွေး


2015.03.08

သတင်းမီဒီယာသမားတွေ သတင်းရယူရာမှာ လုံခြုံမှုရှိဖို့အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ အစိုးရ တပ်မတော်က ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဘောက်ထော် တပ်မတော်မှတ်တမ်းရုံးဟောင်းမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဒေသတွေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ သတင်းသမားတွေ သတင်းရယူတဲ့အခါ လုံခြုံမှုရှိဖို့ နဲ့သတင်းသမားတွေ လိုက်နာသင့်တဲ့ ကိစ္စတွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြတယ်လို့ မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောပါတယ်။

"လောက်ကိုင်မှာရှိနေတဲ့ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ တရား ဥပဒေအကြောင်းပေါ့နော်၊ သတင်းတွေယူရင် ဘယ်ဟာ တွေကတော့ အန္တရာယ်ရှိတယ်၊ မရှိဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်ကနေပြီးမှ မီဒီယာသမားတွေ သတိပြုမိအောင် ရှင်းရှင်းလင်းလင်း တိတိကျကျလေးတွေ ဖြစ်စေဖို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်၊ လောက်ကိုင်ကိစ္စမှာ ရယ်၊ နောက်ပြီးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် သတင်း ယူတဲ့အခါမှာ သတင်းသမားတွေကို နံပါတ် ၁ လုံခြုံရေးအဆင့်အတန်းရယ်၊ နောက်တစ်ခုက သတင်းသမားတွေကို အုပ်ချုပ်ရေး ပိုင်းကနေ သတင်းယူရာ မှာ ကူညီဆောင်ရွက်ပေးဖို့ ဒီဟာတွေဆွေးနွေးခဲ့တာပါ"

တပ်မတော်ရဲ့ သတင်းတွေကို ရယူနိုင်ဖို့အတွက် တာဝန်ယူဖြေကြားပေမဲ့ ပြန်ကြားရေးတာဝန်ခံတွေကို အမြန်ဆုံး သတ်မှတ်ပေးဖို့ စာနယ်ဇင်းကောင်စီ(ယာယီ) တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေနဲ့ အစိုးရတပ်မတော် တာဝန်ရှိသူတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို ဒီလအတွင်းမှာ ကျင်းပသွား မှာဖြစ်ကြောင်း တပ်ကိုယ်စားလှယ်တွေက  ပြောခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။