ထောင်တွင်းအခြေအနေ အမျိုးသား လူ့အခွင့်အရေးကော်မရှင် လေ့လာ

မြန်မာအစိုးရ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ထောင်တွင်းနဲ့ ရဲဘက်စခန်းက အခြေအနေတွေကို ကြည့်ရှုစစ်ဆေးနေရာမှာ ဒီကနေ့ လှည်းကူးမြို့နယ် လှေလှော်အင်း ရဲဘက်စခန်းကို သွားရောက်ခဲ့ပါတယ်။
2011-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
Photo: RFA

အဲဒီမှာ နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

မနေ့က အင်းစိန်အကျဉ်းထောင်ကို သွားတုန်းက အစာငတ်ခံဆန္ဒပြခဲ့သူအပါအဝင် နိုင်ငံရေးအကျဉ်းသားသုံးဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဦးစစ်မြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာ လုံးဝ မရှိဘူး။ သူတို့ကိုယ်တိုင်က ပြောပါတယ်။ ဒီလူတွေကတော့ ထောင်ကအရာရှိတွေကို ကြောက်မယ့်လူတွေ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ သို့သော် သူတို့ကို လုံခြုံရေးက ဖမ်းတုန်းကတော့ ညှဉ်းပန်းခံရ၊ အရိုက်နှက်ခံရတာ ရှိပါတယ်တဲ့။ အဲဒါတွေက အကျဉ်းထောင်မှာ ဖြစ်တာနဲ့ရောပြီးတော့ စွပ်စွဲတဲ့ သဘောမျိုးလို့ ယူဆတာပေါ့”

အင်းစိန်ထောင်တွင်းနဲ့ ရဲဘက်စခန်းက လူ့အခွင့်အရေးအခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့မှာ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ရှစ်ဦး ပါပါတယ်။

ဒီဇင်ဘာလ ၃၀ မှာတော့ ကော်မရှင်ရဲ့သဘောထား တရားဝင်ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောသွားပါတယ်။

ဦးစစ်မြိုင်နဲ့ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို တဆက်ထဲနားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်
ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လာပြန်ပြီ ကော်မရှင် ဆိုသလေလေ့ --
လမ်းစဉ်ပါတီခေတ် တရုပ်ကြီးဈေးကွကဖွင့်စီးပွားရေးစနစ်မပြောင်းမီက မြန်မာ့စီးပွားရေးစနစ်- ဈေးကွက် ဖွင့်စီးပွားရေးစနစ်သို့ပြုပြင်ပြောင်းလဲရန် ကော်မရှင်ဖွဲ့ ပြီးအစီရင်ခံစေရာ - စနစ်ကကောင်းပါတယ်၊ လူတွေကမကောင်းတာတဲ့၊
ဖုန်းမော်အရေး အစီရင်ခံရာတွင်လည်း ကျည်ထောက်ပြန်တဲ့၊
အခုလည်း အားလုံးကောင်းပါသည်ခင်ဗျား တဲ့။

Dec 30, 2011 11:46 PM

အမည်မဖော်လိုသူ

အဲဒီ့နေ.ကထောင်ထဲမှာထမင်းဖြူပြီးပဲဟင်းမှာဆီပါတယ်တဲ.

Dec 30, 2011 12:38 PM

ဆိုကျတခုလုံးသို့