အကျဉ်းသား လွှတ်ခါနီးဆဲဆဲမှ ကာလုံအဖွဲ့ ညွှန်ကြားချက်ကြောင့် ဆိုင်းငံ့ထားရ

နိုဝင်ဘာ ၁၄ ရက် မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိပေမယ့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ နောက်ဆုံးအချိန်မှာ ရောက်လာတဲ့ ညွန်ကြားချက်ကြောင့် ဆိုင်းငံ့ခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိ တစ်ဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AFP သတင်း တစ်ရပ်မှာ ရေးသား ဖော်ပြ လိုက်ပါတယ်။

2011.11.14
Insein_prison_wall_305_z နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP

လောလောဆယ် အထိတော့ အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီထံက ဘာညွှန်ကြားချက်မှ ရောက်မလာသေးဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတရဲ့ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ဖြေးဖြေးချင်း လွှတ်ပေးချင်တာကြောင့် အခုလို ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပုံရတယ်လို့လည်း အဲဒီအရာရှိက ပြောကြောင်း၊ အာဏာပိုင်တွေ အနေနဲ့ သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ပြီး အာဆီယံ ထိပ်သီး ညီလာခံ မတက်ရောက်ခင် အချိန်အထိ လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ကိစ္စကို ဆိုင်းငံ့ထားဖွယ် ရှိကြောင်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-14 17:49

အဲဒီ သတင်းက ဘယ်က ရတာလဲ။
မဟုတ်ဘဲနဲ့။
ရမ်းပြောနေတာ။

Anonymous
2011-11-14 13:53

It is the true colour of the regime turned government.