နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်
2011.12.15
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)
(Photo: AAPP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆ဝဝ လောက် ရှိနေပြီး ဒီထက် ပိုမိုတိကျအောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အတွက် AAPP က ထုတ်ပြန်ထားတဲ့စာရင်းနဲ့ ၁ဝဝဝ လောက် ကွာနေတာကြောင့် AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကို အာရ်အက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောတာပါ။
ဒါ့အပြင် ဦးရေစာရင်းက အဓိက မကျဘဲ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်းခံထားရသူ အားလုံး လွှတ်ပေးဖို့က ပထမဦးစားပေး ဖြစ်တယ်လို့လည်း AAPP က ပြောပါတယ်။
AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ အာရ်အက်ဖ်အေ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









