ပညာရေးဥပဒေ သပိတ်မှောက် ဆန္ဒပြပွဲ ၃ ရက်မြောက် ဆင်နွှဲ


2014.11.16
student-protest-305 တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က တတိယအကြိမ်အဖြစ် ၉၄ နှစ်မြောက် အမျိုးသားနေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်စဉ်
Photo: Kyaw Tun Naing/RFA

ဒီကနေ့ကျရောက်တဲ့ ၉၄ နှစ်မြောက် အမျိုးသားနေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်နေကြတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်း သားတွေဟာ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်း ဘုရားကြီးရှေ့ကနေ ရွှေတိဂုံ ရင်ပြင်တော်မှာရှိတဲ့ ၁၉၂ဝ ရန်ကုန် တက္ကသိုလ်ကျောင်းသားသပိတ် အထိမ်း အမှတ် ကျောက်စာတိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေဟာ သက်ဆိုင်ရာဒေသအလိုက် သပိတ်မှောက် ပွဲတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်သွားမယ်လို့ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်တိုင်း၊ နယ်တိုင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ခရိုင်ကျောင်း သားသမဂ္ဂတွေလည်းပဲ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာအသီးသီးမှာ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေဖြစ် လာအောင် ကျနော်တို့က စည်းရုံးလှှုံ့ဆော်သွားဖို့ရှိပါတယ်"

ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးတွေနဲ့ တက္ကသိုလ်ပါမောက္ခတွေ လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

ဆန္ဒပြကျောင်းသားတွေဟာ မနက်ဖြန်မှာလည်း အမျိုးသားပညာရေးဥပဒေကို ဆက်လက်သပိတ်မှောက် သွားမယ်လို့ ပြောပါတယ်။ မနေ့ကလည်း သမိုင်းလမ်းဆုံကနေ လှည်းတန်းဂုံးတံတား အောက်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဋ္ဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဒီကနေ့ဆန္ဒပြပွဲမှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။