မီတာခ တိုးမြှင့်ကောက်ခံမှု ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ


2013.11.06
electric-meter-protest.jpg လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံမှုအပေါ် မကျေနပ်တဲ့ပြည်သူတချို့က ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၆ ရက်နေ့က ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြစဉ်
photo: RFA/ Kyaw Zaw Win

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ MDCF က ဦးဆောင်ကာ  ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့အတွင်း  ဖယောင်းတိုင်မီးတွေထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူအင်အားစုအဖွဲ့က ကိုဇေယျာလင်းက နိုင်ငံခြားတိုင်းပြည်တွေကို သဘာဝဓာတ်ငွေ့ သယံဇာတတွေရောင်း ချနေပေမဲ့ ပြည်တွင်းမှာတော့ လျှပ်စစ်ကို ဈေးကြီး ကြီးပေးသုံးနေရတဲ့အတွက် သာမန်ပြည်သူတွေဟာ စားဝတ်နေရေး ကြပ်တည်းနေကြတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူ အင်အားစုအဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ကြပြီး ပြည်သူလူထုဆန္ဒမခံယူဘဲ မီးတာခတွေ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ကြောင်း သံပြိုင်ကြွေးကြော်ခဲ့ကြသလို ကန့်ကွက်စာတွေလည်း ပေးဝေခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။