ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရ


2020.09.09
sittwe-students-protest-1000 ရခိုင်ပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့တွင် ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ဆန္ဒပြသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်။
Photo: Ni Min Tun/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရလိုက်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားသုံးဦးဟာ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေးတို့ ဖြစ်ပါတယ်။

သူတို့ဟာ ပြည်နယ်အစိုးရအလိုမရှိ၊ 4G အင်တာနက်ဖွင့်ပေး စတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အဲဒီလို ဆန္ဒပြနေချိန်အတွင်းမှာပဲ ရဲတွေက ကားနဲ့ဝင်ရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အခုလက်ရှိတော့ သူတို့ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ဖမ်းဆီးသွားတဲ့ ကျောင်းသား သုံးဦးနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေသလဲဆိုတာကိုသိဖို့ စစ်တွေအမှတ် (၁) စခန်းမှူး၊ ဒုရဲမှူး အောင်မြဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ရဲ့ သဘောထားမှတ်ချက်ရဖို့ RFA က ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။