ပျူမြို့ဟာင်းများ ထိန်းသိမ်းရေး ထိုင်းနိုင်ငံက ကူညီသွားမည်

2014-08-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းဒေသရှိ တူးဖော်ပြီး မြို့ရိုးလက်တံတစ်ခုကို တွေ့ရစဉ်
ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းဒေသရှိ တူးဖော်ပြီး မြို့ရိုးလက်တံတစ်ခုကို တွေ့ရစဉ်
phto: sriksetraheritagezone

ယူနက်စ်ကိုလို့ခေါ်တဲ့ ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီးရဲ့ ရှေးဟောင်းအမွေအနှစ်တွေ အဖြစ် အသိအမှတ်ပြုထားတဲ့  မြန်မာနိုင်ငံသမိုင်း တစ်ခေတ်က ရှေး ပျူမြို့ဟောင်းသုံးမြို့ ထိန်းသိမ်းရေး လုပ်ငန်းမှာ ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ဧရာဝတီ သတင်းမဂ္ဂဇင်းက ရေးသားဖေါ်ပြလိုက်ပါတယ်။

သရေခေတ္တရာ၊ ဟန်လင်းနဲ့ ဗိဿနိုး မြို့ဟောင်းတွေ ကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အကူ အညီပေးသွားဖို့ကို ထိုင်းယဉ်ကျေးမှုဝန်ကြီိးဌာန ကိုယ်စားလှယ်တစ်ဦးက မြန်မာနိုင်ငံဒုတိယ ယဉ်ကျေး မှုဝန်ကြီးနဲ့  ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ဆုံဆွေးနွေးပြီး သဘောတူညီခဲ့တာလို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့  သူတို့ရဲ့ အယုဒ္ဓယ ရှေး မြို့ဟောင်းကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသလိုပဲ မြန်မာနိုင်ငံက ရှေးမြို့ဟောင်းတွေ ထိန်းသိမ်းရေးမှာ ကူညီဖို့ မေတ္တာရပ်ခံခဲ့ကြောင်း ရှေးဟောင်းသုတေသနဌာန အရာရှိ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်လွင်ဦးက ပြော ပါတယ်။

အဲဒီ ရှေးပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တွေအဖြစ် ယူနက်စ်ကိုအဖွဲ့က ပြီးခဲ့တဲ့ဇွန်လက အသိအမှတ်ပြုပေးခဲ့ပြီး  အခုအခါ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အကဲဖြတ်ကြည့်ရှုနေတယ်လို့လဲ သတင်း မှာ ဖေါ်ပြထားပါတယ်။

အဲဒီပျူမြို့ဟောင်းသုံးမြို့ အနီးတဝိုက်မှာ ဒေသခံပြည်သူတွေအနေနဲ့ ကျွဲ၊ နွား ထိန်းကျောင်းတာတွေ၊ ရှေးဟောင်း ပစ္စည်းတွေကို ရှာဖွေယူငင်တာတွေမလုပ်ကြဖို့ သက်ဆိုင်ရာက ကြေညာထားတယ်လို့လဲ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့