Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ ရာနှုန်းပြည့် နီးပါး မြန်မာနိုင်ငံသားကို ခန့်မည်


2013.08.16
ooredoo-press-305.JPG ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကကျင်းပတဲ့ Ooredoo ကုမ္ပဏီရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီအကြီးအကဲ Ross Cormack ကိုတွေ့ရစဉ်
photo: RFA/ Nay Myo Htun

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအောင်ထားတဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံသားန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်သွားမယ်လို့ အဲဒီကုမ္ပဏီအကြီးအကဲ Ross Cormack က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ Ooredoo ကုမ္ပဏီရဲ့ ဆက်သွယ်ရေး န်ဆောင်မှုလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ စကားပြန်ကတဆင့် အခုလိုပြောလိုက်တာပါ။

အခု ြဂုတ်လမှာပဲ ကျွမ်းကျင်န်ထမ်းတွေကို စတင်ခန့်ထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။

လတ်တလောမှာတော့ လုပ်ပိုင်ခွင့် လိုင်စင်မရရှိသေးပဲ အစိုးရဆီက ဆက်သွယ်ရေးန်ဆောင်မှုလုပ်ငန်း လိုင်စင်ရပြီးခြောက်လအတွင်းမှာ မြန်မာတစ်ပြည်လုံး အနှံ့ လုပ်ငန်းစတင်မယ်လို့ပြောပါ တယ်။

ဒ့ါအပြင် ဖုန်းပြောဆိုခတွေကိုလည်း တင်ဒါတင်သွင်းစဉ်အခါက တစ်မိနစ်ကို ကျပ်၄နှုန်းနဲ့ အစိုးရဆီတင်ပြထားပေမဲ့ တကယ် လုပ်ငန်းစတင် လည်ပတ်ချိန်မှာတော့ ဈေးနှုန်းပို သက်သာလာမယ်လို့ လည်း ပြောပါတယ်။

ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက ဆက်သွယ်ရေးန်ဆောင်မှု လုပ်ငန်းတင်ဒါအောင်မြင်ခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။