ကင်တားနား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး
2011.08.23
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက် နေ့က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ပါသည်။
AFP PHOTO / Soe Than WIN
အဲဒီ တွေ့ဆုံပွဲမှာ ပါတီတွေက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အနေအထားတွေကို တင်ပြခဲ့သလို မစ္စတာ ကင်တားနား ကလည်း သူ ဆောင်ရွက်နေတဲ့
ကိစ္စရပ်တွေကို ပြန်လည် ရှင်းလင်း တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ NDF ပါတီ ပြည်ထောင်စု လွှတ်တော် အမတ် ဒေါက်တာ သန်းဝင်းက
ပြောပါတယ်။
“သူ့ကို အကြံပြုစရာရှိရင် ပြုပါဆိုပြီး အကြံဉာဏ်တောင်းတာ ဘယ်လိုလုပ်ဖို့ သင့်တယ်ဆိုတာကိုပါ၊ အဓိက ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့
သူဆောင်ရွက်နေတယ်။ နယ်စပ်မှာ မိုင်းရှင်းတဲ့ ကိစ္စကိုလည်း ကာကွယ်ရေးဝန်ကြီးနဲ့ သူဆွေးနွေးတယ်လို့ ပြောသွားတယ်”
မစ္စတာ ကင်တားနားဟာ ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ တို့ကိုလည်း ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာကင်တားနားဟာ နိုင်ငံရေးပါတီ ၁၆ ခုက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်မှာ
နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









