ရခိုင်မျိုးနွယ်စု ၅ပါတီ မဟာမိတ်အဖွဲ့ ဖွဲ့
2017.01.16
ရခိုင်မျိုးနွယ်စုပါတီ ၅ ခု စုပေါင်းပြီး "စည်းလုံးညီညွှတ်သော ရခိုင်ပြည်နယ်တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့" ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုအားလုံးရဲ့ အကျိုးစီးပွားနဲ့ တန်းတူညီမျှရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်သွား မှာ ဖြစ်တယ်လို့ ရခိုင်မျိုးချစ်ပါတီ ဥက္ကဌ ဦးဇော်ဝင်းထွန်း က ပြောပါတယ်။
"အဓိကက ရခိုင်ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုတွေအားလုံးရဲ့ အကျိုစီးပွား တန်းတူရရှိရေး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းသွားမှာပါ"
အဲဒီမဟာမိတ်အဖွဲ့ကို ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံဖြိုး တိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ မြိုတိုင်းရင်းသားပါတီ စတဲ့ပါတီ ၅ ခုနဲ့ စုပေါင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အဲ့ဒီပါတီ ၅ ခုဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာ မဟုတ်သေးပဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။









