ရခိုင်တပ်မတော်နဲ့ဆက်နွယ်ကြောင်း သံသယရှိသူအများအပြား ဖမ်းဆီးစစ်ဆေးခံနေရ


2015.04.25

ရခိုင်တပ်မတော်(AA) တပ်ဖဲ့ွဝင်တွေနဲ့ ဆက်နွယ်နေတဲ့သူတွေကို အစိုးရတပ်မတော်နဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖဲ့ွတို့က ရှာဖွေစစ်ဆေးဖမ်းဆီးရာမှာ ၆၅ ဦးရှိပြီး ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။

ဖမ်းဆီးရရှိထားတဲ့သူတွေကို အစိုးရတပ်မတော်ဖက်က ရခိုင်ပြည်နယ်ရဲတပ်ဖဲ့ွကို လွှဲပြောင်းပေးလာပါက မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒုတိယပြည် နယ်ရဲတပ်ဖဲ့ွမှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောပါတယ်။

"သူတို့ဆီကနေ အိုင်ပတ်ဖုန်း တပ်မတော်ကနေ သိမ်းဆည်းရမိတဲ့အခါကျတော့ အဲ့ဒီကနေ ကျနော်တို့ သူတို့ရဲ့ တပ်ဖွဲ့ဝင်ဓါတ်ပုံတွေရထားတာရှိပါတယ်၊ အဲ့ဒီဓါတ်ပုံတွေနဲ့ တိုင်ဆိုင်ပြီးတော့ စစ်ဆေးတာဖြစ် ပါတယ်လို့၊ သူတို့ကတော့ ကျနော်တို့ကို ၁၅ ယောက်လောက်ရှိတယ် တပ်မတော်က ခဏထိန်းထား တာရှိတာပေါ့၊ အမှုပေါ်ပေါက်ခြင်းဟာ သူတို့ဟာ ရခိုင်သောင်းကျန်းသူဖြစ်တဲ့အတွက်ကြောင့် မတရားအသင်း ပုဒ်မ ၁၇(၁) နဲ့ အကျုံးဝင်မှာဖြစ်ပါတယ်၊ ကျနော်တို့ကိုတော့ လွှဲပြောင်းပေးခြင်း မရှိသေးပါဘူး၊ လွှဲပြောင်းပေးမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က ဥပဒေအရ ဆက်လက်အရေးယူ သွားမှာဖြစ်ပါတယ်"

အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ရာနေရာဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ရခိုင်တပ်မတော်(AA) နဲ့ ဆက်နွယ်သူတွေကို အဓိကရှာဖွေနေသလို မင်းပြား၊ ရမ်းဗြဲ၊ မြောက်ဦး၊ စစ်တွေ အစရှိတဲ့မြို့တွေမှာလည်း ရှာဖွေစစ်ဆေးနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာ ဖမ်းဆီးရမိတဲ့ ရခိုင်တပ်မတော်ဝင်တွေကို စစ်ဆေးပြီးနောက် ရခိုင်တပ်မတော်နဲ့ ဆက်နွယ်နေ တယ်ဆိုပြီး မသင်္ကာတဲ့သူတွကို စစ်ဆေးဖမ်းဆီးနေတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ရခိုင်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆို ပြီး ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။