ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ရသေ့တောင်မှာ လုံခြုံရေးပိုင်း အလေးထားပေးဖို့ တိုက်တွန်း

2018-07-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ ဦးထွန်းခင်နဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ စစ်တွေမြို့မှာ ၂၀၁၈ ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ရစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ ဦးထွန်းခင်နဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ စစ်တွေမြို့မှာ ၂၀၁၈ ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီနှစ် နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို အလေးထားဆောင်ရွက်ဖို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ အကြံပြုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရခိုင်ပြည်နယ် တာဝန်ခံ ဦးထွန်းခင်နဲ့ ဒီနေ့ မနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံရာမှာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးမောင်သိန်းဖြူ က အကြံပြုခဲ့တာဖြစ်ပါတယ်။

"အဲဒီနယ်မြေတွေဟာ ကျနော်တို့ရဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးတဲ့ နယ်မြေတွေဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းကို အဓိကထားပြီးတော့ မဲရုံ၊ မဲပေးတဲ့ကာလတွေမှာ လုံခြုံရေးပိုင်းကို ဓိကထားပေးရမယ်လို့ ကျနော်တို့ ယူဆပါတယ်"

ရသေ့တောင်မြို့နယ်မှာ ၂၀၁၆ ခုနှစ်က နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံခဲ့ရသလို ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းမှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ရှိခဲ့ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်အတွက် လစ်လပ်နေတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာကို ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။

ရသေ့တောင်မြို့နယ်မှာ မဲရုံပေါင်း ၈၀ ကျော်ရှိပြီး မဲဆန္ဒရှင်ပေါင်း ငါးသောင်းကျော်ရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးထွန်းခင်ဟာ ပြီးခဲ့တဲ့ရက်က ကြားဖြတ် ရွေးကောက်ပွဲအတွက် ရသေ့တောင်မြို့နယ်ကို သွားရောက်ခဲ့ပြီး ဒီနေ့မှာတော့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့