ရက္ခိတပြက္ခဒိန် ရောင်းချသူ အပါအဝင် လေးဦး ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးခံရ


2019.04.14
arakan-national-network-622.jpg ရခိုင်အမျိုးသားကွန်ရက်က အဖွဲ့ဝင်တွေ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချလို့ အဖမ်းခံရသူတွေကိစ္စ တွေဆုံဆွေးနွေးခဲ့စဉ်
Photo: Arakan National Network (ရခိုင်အမျိုးသားကွန်ုရက်)

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချတဲ့ ရခိုင်အမျိုးသား ၁ ဦး အပါအဝင် ၄ ယောက်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငပုတောရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဲဒီ ၄ ယောက်ကို ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားတာ မှန်ကန်ကြောင်း ငပုတောရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်း က RFA ကို အတည်ပြုပြောပါတယ်။

ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချနေစဉ် ဖမ်းဆီးလိုက်တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောကြားချက်အရ ပြက္ခဒိန်ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ်နဲ့ ဟိုင်းကြီးကျွန်းကို မရောက်ဖူးလို့ အလည်လိုက်သွားတဲ့ သူငယ်ချင်းဆိုသူတစ်ယာက်နဲ့ တစ်ရက်ကို ကျပ် ၄ သောင်းနဲ့ ကားအငှားသွားတဲ့ ရန်ကုန်က ယာဉ်မောင်းတစ်ယောက် အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ကိုသိန်းအောင်မြတ်ဟာ ရက္ခိတပြက္ခဒိန်ကို ရောင်းချတာ ၇ နှစ်ရှိနေပြီဖြစ်ပြီး အခုမှ အဖမ်းခံရတာဖြစ်ကြောင်း၊ ထုတ်လုပ်တဲ့လိုင်စင် မရှိဘဲ ရောင်းချတဲ့ အားနည်းချက်ကလွဲပြီး ကျန်တာဟာ မတရားစွပ်စွဲခံရတာသာဖြစ်ကြောင်း ကိုသိန်းအောင်မြတ်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။