ဥပဒေနဲ့အညီ နိုင်ငံသား စိစစ်ရေးတောင်းဆိုဖို့ ရခိုင်ကိုယ်စားလှယ်တွေ ဆုံးဖြတ်

2014-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အားနည်းချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အားနည်းချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ဆောင် ရွက်နေရာမှာ အစိုးရအနေနဲ့ တိကျမှန်ကန်စွာ စိစစ်ပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ရခိုင်ပြည် နယ်တစ်ခုလုံးက ကိုယ်စားလှယ်တွေတက်ရောက်နေ တဲ့ စစ်တွေမြို့ ဆွေးနွေးပွဲကနေ မနေ့က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်း က နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ခြင်းမရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ သားသမီးတွေဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ် ခွင့် လျှောက်ထားလာတဲ့ကိစ္စတွေဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါ တယ်။

"ဒီနိုင်ငံမှာ ၄၈ မတိုင်ခင်ကတည်းနေတယ်၊ ၄၈ နောက်ပိုင်းမှာ ၈၂ အတည်ဖြစ်တဲ့အချိန်အထိ နေတယ် ဆိုတဲ့ အထောက်အထားတွေရှိသလားဆိုတာကို ကျမတို့စိစစ်နေပါတယ်၊ ဒါတွေကိုစိစစ်ပြီးမှ သာလျှင် နိုင်ငံသားဖြစ်တဲ့လူတွေက မွေးတဲ့လူတွေအပေါ်ကျန်ခဲ့လို့ရှိရင် နိုင်ငံသားပြုခွင့် လျှောက်ထား ခွင့်ရပါမယ်၊ မွေးမိပြီးတဲ့ အမိအဖတွေကိုယ်တိုင်က လျှောက်ထားခဲ့တာမျိုးမရှိဘူး၊ နိုင်ငံသားဖြစ်ခြင်း မရှိခဲ့ဘူးဆိုတာကို ဒီအချိန်ကျပြီးမှ ၈၂ ဥပဒေရေးဆွဲချက်အရ လျှောက်မယ်ဆိုတာမျိုးက ဥပဒေနဲ့ မညီဘူးဆိုတာကို ကျမတို့ဆွေးနွေးကြတာဖြစ်ပါတယ်"

ဒါ့အပြင် နှစ်ရက်တာ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ မြို့နယ်အဆင့် စိစစ်ရေးကော်မတီတွေကို အစိုးရက ဖွဲ့စည်းတဲ့အခါ ရခိုင်တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်နဲ့အညီဖွဲ့စည်းဖို့၊ ကမန်လူမျိုးအမည်နဲ့ ပန်းရောင်နိုင် ငံသားလက်မှတ်တွေ ကိုင်ဆောင်ထားသူတွေကို ကမန်လူမျိုးအစစ်အမှန် ဟုတ်၊ မဟုတ် စိစစ်ပေးဖို့ အချက်တွေ ကို တောင်းဆိုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့