ရခိုင်ပြည်နယ်အစိုးရ နဲ့ ALP တွေ့ဆုံဆွေးနွေးမည်

2016-10-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကို တွေ့ရစဉ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ မနက်ဖြန် ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ပြည်နယ်အစိုးရနဲ့တွေ့ဆုံရာမှာ ALP ဖက်က ဘယ်လိုကူညီနိုင်မလဲဆိုတာကို တင်ပြဆွေးနွေးဖို့အတွက် အဆင်သင့်ရှိတယ်လို့ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

''ကျမတို့ ALP ခေါင်းဆောင်တွေကတော့ စစ်တွေကို ရောက်နှင့်နေကြပါပြီ၊ ကျွန်မတို့ တိုင်းပြည်လုံခြုံရေးအတွက် ဆွေးနွေးဖို့ပေါ့လေ၊ ကိုယ့်တိုင်းကိုယ့်ပြည်လုံခြုံရေးကို ကျွန်မတို့ အဓိကထားပြီး စဉ်းစားချက်တွေရှိပါတယ်၊ ဘယ်လို ကိုယ့်တိုင်းကိုယ့်ပြည်ကို ဝင်ရောက်ပြီးတော့မှ ကူညီနိုင်မလဲဆိုတာကို အစိုးရနဲ့ တွေ့ပြီးတော့မှ ပြောနိုင်မှာပါ၊ ကျွန်မတို့ရဲ့တိုင်းပြည်ကို ကျွန်မတို့က လုံခြုံစေချင်တယ်၊ ကိုယ့်တိုင်းပြည်ကို ဘယ်သူ့ဆီမှာမှ တစ်လက်မမှ အလျော့မခံနိုင်ဘူး'' လို့ ပြောတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲကင်း စခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိမှာ တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့