ကျောက်ဖြူမြို့မှာ ဧည့်စာရင်းမတိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီကြေညာ

2021.03.17
ကျောက်ဖြူမြို့မှာ ဧည့်စာရင်းမတိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီကြေညာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့။
Photo: Citizen Journalist

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဧည့်စာရင်းမတိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ဒီနေ့ည ၇ နာရီခွဲလောက်မှာ အသံချဲ့စက်တွေနဲ့ ကြေညာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အိမ်ထောင်စုပြောင်းရွှေ့ခွင့်လျှောက်ထားရတဲ့ ပုံစံ(၁၀)မှာ မပါတဲ့လူတွေတည်းခိုနေလို့ရှိရင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးမှာ တိုင်ကြားရမှာဖြစ်ပြီး ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း ကားနဲ့လှည့်လည်ကြေညာသွားတာကို ကြားလိုက်ရတယ်လို့ ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်က RFA ကိုပြောပါတယ်။

အခုလို ဧည့်စာရင်းတိုင်ရမယ့်ကြေညာချက်ဟာ ကျောက်ဖြူမြို့မှာ ပထမဆုံးအကြိမ် ကြားရတာဖြစ်ပြီး ဒေသခံတွေဟာ အရင်က လွတ်လွတ်လပ်လပ် သွားလာတည်းခိုလို့ရခဲ့တာကြောင့် အခုကြေညာတဲ့ ကိစ္စအပေါ် ကန့်ကွက်ကြောင်းလည်း ဦးထွန်းလွင်ကပြောပါတယ်။

ဧည့်စာရင်းမတိုင်ရင်အရေးယူခံရမယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး အခု အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။