ပဋိပက္ခတွေ ဖြေ ရှင်းရေး ကျောက်ဖြူ ညီလာခံမှာ ဆွေးနွေး

2014-04-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဧပြီလ ၂၇ နေ့က စတင်ကျင်းပတဲ့ ရခိုင်အမျိုးသား ညီလာခံ ကို တွေ့ရစဉ်
ဧပြီလ ၂၇ နေ့က စတင်ကျင်းပတဲ့ ရခိုင်အမျိုးသား ညီလာခံ ကို တွေ့ရစဉ်
photo: U Nyo Ohn Myint

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းနိုင် ဖို့အတွက် အစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဖြစ်မှု ဥပဒေအတိုင်း အမြန်ဆုံးအကောင် အထည်ဖော်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီနေ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင် အမျိုးသားညီလာခံ ၃ ရက်မြောက်နေ့ မှာ ဆွေးနွေးကြ တယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ ညီလာခံမှာ ပြည်နယ်တွင်းပဋိပက္ခတွေ ကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးအဖြေရှာကြရာမှာ ပါဝင်ဆွေးနွေကြသူတွေက အဲ့ဒီအချက်ကို ထည့် သွင်းဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

"အထူးသဖြင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေ ရဲ့ကိစ္စဟာ ပြဿနာတစ်ခုဖြစ်တယ်၊ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့အပိုင်းကို အထူး သဖြင့်ပြောတယ်၊ လူဦးရေးမပြန့်ပွားတဲ့ကိစ္စမျိုးကို ထောက်ပြတာရှိတယ်၊ နောက်ဒီဘင်္ဂါလီတွေကို အတိအကျထိန်းချုပ်ဖို့လိုတဲ့အပိုင်း ဒီဟာအစိုးရမှာ အထူးသဖြင့် တာဝန်ရှိတယ်ဆိုတဲ့အပိုင်းကိုပြောတယ်"

ဒါ့အပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ရခိုင်အမျိုးသား နိုင်ငံရေးနဲ့ လွှတ်တော်ဆိုတဲ့ အခန်းကဏ္ဍကို ဆွေးနွေးရာမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုမရှိတာဟာ အစိုးရ ရဲ့ကိုင်တွယ်မှုအားနည်းတာအပြင် လွှတ်တော်ရဲ့ အခန်းကဏ္ဍ လျော့ရဲမှုတွေကြောင့်ဖြစ်တယ်လို့ ထည့် သွင်းဆွေးနွေးခဲ့ကြောင်းလည်း ညီလာခံတက်ရောက်နေသူတွေက ပြောကြပါတယ်။

ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးပွဲ နေ့စဉ်ရလာဒ်တွေကို ပညာရှင်တွေနဲ့ ဆက်လက်ဆွေးနွေးပြီး ညီလာ ခံနောက်ဆုံးနေ့မှာ အမျိုးသားမူဘောင်တစ်ရပ်ကို အပြီးသတ်ရေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (2)
Share

La Kapaw

We, Myanmar,့ have deepest worries about illegal Bengali Muslim issue and their activities with terrorism that is absolutely based in JIHAD WAR. Please resolve it as soon as possible in accordance with Myanmar Immigration Law.

May 01, 2014 02:48 PM

Justicizer

Why are the Rakhines still arrogant? The international communities and even other nationalities of Myanmar are disappointing the attitude of Rakhines which jeopardizes the spirit of unity in diversity.

Apr 29, 2014 03:04 PM

ဆိုက်တခုလုံးသို့