ရခိုင်ပြဿနာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ ဗြိတိသျှ ဝန်ကြီးပြော


2018-02-11
Share
uk-fm-dassk-622.jpg ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေပြည်တော် မှာတွေ့ဆုံစဉ်
Photo:Myanmar State Counsellor Office Facebook

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင် က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

သူ့ရဲ့လေးရက်တာ အာရှခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စဘဇား က ဒုက္ခသည်စခန်းတခုကို သွားရောက်ကြည့်ရှုခဲ့အပြီး၊ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြောဆိုခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း ခေတ္တ သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ရာမှာ မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အပြည့်အဝလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးပြီး၊ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း တိုက်တွန်းခဲ့ပြီး၊ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့