ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ

အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။
2012-06-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။
US Department of State

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ရာမှာ -

မိမိတို့ အနေနဲ့ နှစ်နိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေတာပါပဲ။ အခု အခါ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဟာ မြန်မာအစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအားပေးပါတယ်။ အလားတူ ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သွားရောက်တွေ့ဆုံ မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့တွေ့ ဆုံ ဆွေးနွေးကြမယ် ဆိုတာလည်း အင်မတန်ကောင်းပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြ ရတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF စတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ပြင်ဆင်နေ ကြပါတယ်။

ကွန်မင့်များ (2)
Share

Ko Let Tun

နေရပ်- -

UNHCR အပါအဝင် နိုင်ငံခြားအိုင်အန်ဂျီအိုတွေ ဆင်နင်းခံနေရတဲ့အချိန်မှာ လှည့်မကြည့်ဘဲ အခုပုရွက်ဆိတ်ကိုက်ခံရတဲ့အချိန်ကျမှ နာမည်ကောင်းလက်မှတ်ယူဖို့မလာကြပါနဲ့။ မင်းတို့အကူညီမရရင်လည်း ရခိုင်တွေက ဖြစ်သလိုနေလို့ရပါတယ်။ မင်းတို့မှာ ဘင်္ဂလီတွေအတွက်သာ ပြင်ဆင်ထားကြပါ။

Jun 28, 2012 11:59 AM

Human

မွတ်စလင်မ်တွေ လူမဟုတ်လို့ သူတို့သေဒါကို စာရင်းမတင်ဒါထင်ပါတယ်။ မွတ်စလင်မ်ဖြစ်ဒါနဲ့ ရခိုင်မှာ တိရစ္ဆာန်လိုမြင်ကြတယ်။ စစ်တွေမြို့တစ်ခုတည်းမှာတောင် ကျွန်တော်တို့နှင့်ရင်းနှီးသူ မွတ်စလင်မ်လူမျိုးများ (ကမာန် နှင့် ရခိုင်မွတ်စလင်မ်အပါအဝင်) တစ်ထောင်ကျော်သွားပြီ၊ တချို့သတင်းတွေက နာဇီရပ်ကွက်တစ်ခုတည်းမှာ ထောင်နဲ့ အသတ်ခံခဲ့ရ မီးလောင်သေဆုံးခဲ့ရတယ်။ တစ်ခြားတစ်ဘက်မှာ မီးလောင်သွားပြီး လွတ်မြောက်သွားသူများကို အိမ်ထောင်စုစာရင်းမရှိလို့ နှိပ်ကွပ်နေတယ်။ ဒါတွေက မွတ်စလင်မ်လူမျိုးများကို လူလို့မသတ်မှတ်တဲ့ပုံ ပေါ်နေတယ်။

Jun 27, 2012 07:14 AM

honest human

နေရပ်- usa

i honestly said that human is big lier.

Jun 28, 2012 02:13 PM

ဆိုက်တခုလုံးသို့